Home

Wednesday, May 13, 2015

ပြည်ထောင်စုပြိုကွဲသွားမှာကို လုံးဝမလိုလား


ပြည်ထောင်စုသားမွတ်စလင်မ်လူ့အဖွဲ့အစည်းဟာ ပုဂံခေတ်ကစလို့ ခေတ်အဆက်ဆက် တိုင်းပြည်အပေါ်သစ္စာရှိရှိနဲ့ ရွတ်ရွတ်ချွံချွံပါဝင်ပြီး တိုင်းပြည်အကျိုးသည်ပိုးခဲ့သလို ပြည်ထောင်စုကနေ ခွဲထွက်ရေး ဘယ်တုန်းကမှ မကြိုးစားခဲ့ကြဘူးဆိုတာ သမိုင်းကသက်သေပါ။
ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးအကြိုဖြစ်တဲ့ အောင်ဆန်းအက်တလီ စာချုပ် ချုပ်ဆိုဖို့ အင်္ဂလန်ရောက်နေတဲ့အချိန် ရှမ်းစော်ဘွားတွေက ဗိုလ်ချုပ်အောင်ဆန်းက မိမိတို့ရဲ့ကိုယ်စားလှယ် မဟုတ်ဘူး။ ဗမာတွေရဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုပြီး အင်္ဂလန်ကိုလှမ်းပြီး ကန့်ကွက်ခဲ့တဲ့အပေါ် ဗိုလ်ချုပ် အခက်အခဲကြုံနေတဲ့အချိန်မှာ ဗမာမွတ်စလင်မ်ဦးဖေခင်ဟာ
ချက်ချင်း ဆိုသလိုပဲ တောင်ကြီးမြို့ကို လိုက်သွားပြီး ရှမ်းလူထုကိုစည်းရုံးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ရှမ်းလူထုကလည်း ခေါင်းဆောင် အဖြစ်ထောက်ခံပါတယ် ဆိုတဲ့အကြောင်း လန်ဒန်ကိုလှမ်းပြီး ချက်ချင်း ကြေးနန်းရိုက် သတင်းပို့ခဲ့တဲ့ အတွက် အောင်ဆန်းအက်တလီစာချုပ်ချုပ်ဆိုနိုင်ရေးကို ဆက်ဆွေးနွေးခွင့်ရခဲ့တာဖြစ်တယ်။
တောင်တန်းဒေသတွေနဲ့ပြည်မပူးပေါင်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံရယ်လို့ ပေါ်ပေါက်လာဖို့မှာ အဓိကကျတဲ့ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရေးကို အားမလျှော့တမ်း ကြိုးပမ်းခဲ့သူဟာလည်းပဲ ဗမာမွတ်စလင်မ် ဦးဖေခင်ဖြစ်ပါတယ်။
၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်ညမှာ ပင်လုံစာချုပ်ချုပ်ဆိုရေးပျက်ပြားသွားပြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တောင် ရန်ကုန်ပြန်ဖို့ လေယာဉ်စီစဉ်ခိုင်းနေတဲ့အချိန် ဦးဖေခင်က ဗိုလ်ချုပ်အောင်ဆန်းကို တစ်ညအချိန်တောင်းပြီး အတွင်းဝန်ဦးထွန်းလှနဲ့ အတူ ရှမ်းပြည်နယ်က ရဲဘော်တွေနဲ့ကြိုးပမ်းခဲ့လို့ နောက်နေ့ ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှာ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ဖို့ အဆင်သင့်ဖြစ်သွားခဲ့တာပါ။ ဒါကြောင့်လည်း တောင်တန်းဒေသတွေနဲ့ ပြည်မပူးပေါင်းနိုင်ပြီး ပြည်ထောင်စုဆိုတာ ပေါ်ပေါက်လာခဲ့ တာပါ။
ဖဆပလရဲ့ ပထမဆုံးညီလာခံကြီးမှာလည်း ဗမာမွတ်စလင်မ်တွေအနေနဲ့တိုင်းရင်းသား လူနည်းစု အခွင့်အရေး ယူလိုပါက ယူနိုင်တယ်ဆိုပြီး ဆုံးဖြတ်ပေးခဲ့တာတောင် ဗမာ မွတ်စလင်မ်တွေဟာ လွတ်လပ်ရေးရရှိရေးက ဦးစားပေးရှေ့တန်းတင်ရမယ့် အချက် ဖြစ်နေတာကြောင့် လူနည်းစုအခွင့်အရေးကို စွန့်လွှတ်ပြီး ဗမာဗုဒ္ဓဘာသာတွေနဲ့ ညီရင်းအစ်ကိုသဖွယ် တစ်သားတည်းခံယူကာ ဗမာမွတ်စလင်မ်တွေဟာလည်း ဗမာတွေပဲ ဖြစ်တယ်ဆိုပြီး လူများစုအခွင့်အရေးကိုယူဖို့ဆုံးဖြတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ခေါင်းဆောင်အဖြစ် ထောက်ခံတယ်ဆိုကာ လွတ်လပ်ရေး ရရှိရေးအတွက် လန်ဒန်ကို အကြောင်းကြားခဲ့တယ်။
ဆိုလိုချင်တာက ပြည်ထောင်စုသားမွတ်စလင်မ်လူ့အဖွဲ့အစည်းဟာ ပြည်ထောင်စု ပေါ်ပေါက်ရေးကို ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ပူးပေါင်းကြိုးပမ်းခဲ့သလို ပြည်ထောင်စု ပြိုကွဲရေးနဲ့ ပြည်ထောင်စုကနေ ခွဲထွက်ရေးကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘဲ၊ ပြည်ထောင်စုသား မွတ်စလင်မ်တွေဟာ ပြည်ထောင်စုသားအားလုံးနဲ့ တစ်သားတည်း ရှိနေတယ်ဆိုတာပါပဲ။ ပြည်ထောင်စုပြိုကွဲသွားမှာကို လုံးဝမလိုလားသလို ပြည်ထောင်စုကနေ ခွဲထွက်ရေး၊ ပြည်ထောင်စုပြိုကွဲရေး ကြိုးပမ်းနေသူတွေကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်ရှုံ့ချပါတယ်။
ဒါပေမယ့် ဒီကနေ့ ၀မ်းနည်းစရာကောင်းတာက ပြည်ထောင်စုထဲကနေ ခွဲထွက်ပြီး အဖရခိုင်နိုင်ငံတော်တည်ထောင်လိုသူတွေက တရုပ်ကို အားကိုးသင့် အားကိုးရမယ်လို့ ပြောရုံတင်မက ရခိုင့်တပ်မတော်ပါ ဖွဲ့စည်းပြီး မြန်မာ့တပ်မတော်ကို ထိတ်တိုက် ရင်ဆိုင်နေတာ တွေ့ရတော့ ပြည်ထောင်စုအတွက် ပူပန်မိသလို အစွန်းရောက်ရခိုင်တို့ရဲ့အကြံကို မြင်တတ်ကြဖို့လည်း လိုပြီထင်ပါတယ်။
ဒါကြောင့်လည်း အစွန်းရောက်ရခိုင်တွေဟာ သူတို့ရဲ့ အကြံအစည်အတိုင်း ကုလား မုန်းတီးရေးကို တွင်တွင်ဝါဒမှိုင်းတိုက်ပြီး ကုလား ဗမာ အထိကရုဏ်းဖြစ်အောင် ဖန်တီးကာ တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင်၊ဒီမိုကရေစီပြောင်းလဲဖော်ဆောင်ရေး မအောင်မြင်အောင်လုပ်နေတယ်ဆိုတာ အထင်အရှားပါ။ ယခုအခါ ရခိုင်နိုင်ငံတော်သုံး ငွေစက္ကူဒီဇိုင်းလုပ်ပြီး အွန်လိုင်းစာမျက်နှာများမှာပါ ဗြောင်ကျကျ ဖော်ပြလာကြတာ ကိုပါ တွေ့နေရတွေဟာ ပြည်ထောင်စုကို စော်ကားရန်စ လာတာသာဖြစ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ရယ်လို့ အချုပ်အခြာအာဏာပိုင်ဆိုင်ပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလည်မှာ ပေါ်ထွန်းလာဖို့ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် တိုင်းရင်းသား ပေါင်းစုံ အာဇာနည် ခေါင်းဆောင်ကြီးတွေ အသက် သွေးချွေးစတေးပြီး ရယူထားရတဲ့ ပြည်ထောင်စုပါ။ ပြည်ထောင်စုပြိုကွဲအောင် ဖန်တီးနေသူတွေ၊ ပြည်ထောင်စုမှ ဖဲ့ထွက်ချင်သူတွေကိုတော့ ဘယ်နည်းမှ လက်မခံကြဖို့နဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီနိုင်ငံ ပြောင်းလဲ ဖော်ဆောင်နိုင်ဖို့ စည်းလုံးညီညွတ်စွာ ပူးပေါင်းကြိုးစားကြဖို့ တိုက်တွန်း လိုက်ရပါတယ်။
(လူမျိုးရေး မုန်းတီးမှုအတွက် လုံးဝ မရည်ရွယ်ပါ)
အစွန်းရောက်ရခိုင်များ ဒီဇိုင်းရေးဆွဲထားသည့် ငွေစက္ကူပုံစံ
______________________________
m y O e w y n n _ 2 7 . 4 . 2 0 1 5