Tuesday, May 19, 2015
ငုတ်တုတ်နေနေတာတွေကို ရှောင်စမ်းပါ။
ကျုပ်က ခင်ဗျားတို့ကို ထွက်ခဲ့ကြလို့ ခေါ်တုံးက
ကျုပ်ရဲ့လျှာကို ဟက်တက်လှီးခဲ့တာ ခင်ဗျားတို့ပဲ။
ကျုပ်ရဲ့ ကလောင်ကို ဝင့်ခဲ့တုံးကလဲ ခင်ဗျားတို့ပဲ
ကျုပ်ရဲ့လက်တွေကို ဖြတ်ပစ်ကြတာလေ။
ကျုပ်လှမ်းလျှောက်ဖို့ ကြိုးစားတော့လဲ
ကျုပ်ရဲ့ခြေထောက်တွေကို လွှနဲ့တိုက်ခဲ့ကြတယ်လေ။
လှည့်ထွက်ဖို့လုပ်တော့လဲ ကျုပ်ရဲ့ခါးရိုးကို ရိုက်ချိုးခဲ့တယ်လေ။
အခု ခင်ဗျားတို့ရဲ့မျက်နှာတွေပေါ်မှာ
ကြောက်ရွံ့မှုနဲ့သောကတွေကို ကျုပ်မြင်နေရတယ်။
နှလုံးသားမှာ စိတ်ပျက်မှုတွေ အပြည့်ပဲ။
ပြီးခဲ့တဲ့နှစ်တွေတုံးက မှားခဲ့သမျှ အမှားတွေကို
တဆိတ်လောက်ပြန်ပြီး သတိရကြစမ်းပါ။
လုပ်ခဲ့တာတွေထဲက မှားခဲ့သမျှကိုလေ။
အစပိုင်းမှာ စိတ်တက်ကြွမှု ပြခဲ့တာတွေကရော ဘာအဓိပ္ပါယ်ရှိတုံး။
အလားတူပဲ ဒီနေ့ဆိုလဲ
ကြောက်နေကြ သွေးပျက်နေကြတာရော ဘာအခြေအမြစ်မှမရှိဘဲ။
ခင်ဗျားတို့ ကိုယ့်ရပ်ရွာကို စွန့်ပြီး ပြေးတဲ့သူက ပြေးရဲ့။
ဒါကိုလဲ ဟစ်ဂျရတ်လို့ ဆိုလား ဆိုရဲ့။
ကျုပ် ခင်ဗျားတို့ကို ပေးချင်တဲ့အကြံဉာဏ်ကတော့
ရှောင်ပြေးကြမယ့်အစား ကိုယ့်နှလုံးသားကို ကိုယ်
အားကောင်းအောင် လုပ်ကြစမ်းပါ။
ဒီသံသယတွေနဲ့ငုတ်တုတ်နေနေတာတွေကို ရှောင်စမ်းပါ။
အမှန်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကြစမ်းပါ။
သတ္တိကြောင်တဲ့သူကို ဘယ်သူကမှ မလေးစားဘူး။ မှတ်ထား။
မော်လာနာ အဗုလ်ကလာမ် အာဇတ်
(၁၆.၁၀.၁၉၄၇ ဒေလီ ဂျာမေ မတ်စဂျီဒ်)
Credit to : U Min Naing
__________________________________
m y O e w y n n _ 1 4 . 5 . 2 0 15