Home

Showing posts with label Article. Show all posts
Showing posts with label Article. Show all posts

Saturday, August 23, 2014

မိုက်ကယ်အဲရစ်၏ လူသိနည်းသော စွန့်လွှတ်အနစ်နာခံမှု အကြောင်းတစေ့တစောင်း

 အပြင်မှာ ကျနေတဲ့ နှင်းဖွဲလေးတွေကိုကြည့်ရင်း နှင်းတွေဖုံးလွှမ်းနေတဲ့ ဘူတန်နိုင်ငံက တောင်တန်းတွေကို ကိုယ် သတိရမိတယ်။ အဲဒီတုန်းက ကိုယ်က ဘူတန်ဘုရင် မိသားစုဝင်တွေ ကို စာသင်ပေးနေတဲ့အချိန်၊ စု ကတော့ တော်ဝင်နိုင်ငံခြားရေးရာ ဌာနမှာ သုသေသနပြု လုပ်ငန်းတွေ လုပ်နေတဲ့အချိန်ပေါ့ ။ ဟိမ၀န္တာတောင်ပြာ တန်းကြီးတွေရဲ့ အရိပ်အောက်မှာ

Sunday, July 13, 2014

သူငယ်ချင်း ဘိုင်ဖရိထံ ပေးစာ

နေကောင်းလား ဘိုင်ဖရိ
အခြေအနေကောင်းကြရဲ့လား
မင်းတို့လောက်ပဲ မေးချင်နေတာမဟုတ်ဘူး
ငါတို့လည်း မင်းတို့ကို မေးချင်နေတယ်။

လပြည့်ည လရောင်ဟာ မြို့ပေါ်ကို ဖြာကျနေတယ်
မင်းတို့ရပ်ကွက် ငါတို့ရပ်ကွက်ဆိုပြီး ရွေးပြီးကျနေတာ မဟုတ်ဘူး

Monday, November 11, 2013

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ ရည်မှန်းချက်မထားဘဲနဲ့
မတူညီတဲ့လူ့ဘောင်အဖွဲ့အစည်းတွေ အမြောက်အများ ရေရှည်တိုးတက်ဖို့၊ အေးအေးချမ်းချမ်းနေဖို့မျှော်လင့်လို့မရပါဘူး။
ကျနော်တို့အားလုံး စိတ်ရှည်လက်ရှည်နဲ့ ညီညီညွတ်ညွတ်ဖြစ်ဖို့ ကြိုးစားကြဖို့ပဲဖြစ်ပါတယ်။

လူထုခေါင်းဆောင်နဲ့ ပရော်လ်ဖက်ရှင်နယ်လ်နိုင်ငံရေးသမား

လူထုခေါင်းဆောင်နဲ့ 
ပရော်လ်ဖက်ရှင်နယ်လ်နိုင်ငံရေးသမား 
ဘာကွာလဲဆိုတော့

”လူထုတောင်းဆိုတဲ့ 
လိုအပ်ချက်အတွက် ဘယ်သူမှမခိုင်းပဲ 
လူထုဆီ တိုက်ရိုက်သွား နားထောင်ပြီး 
တိုင်းပြည်ကို ပြန်ပြောတာ” နဲ့

လူမျိုးဖြစ်တည်မှုထက် လူဖြစ်တည်မှုက ပိုပြီးအဓိကကျပါတယ်

လူမျိုးဖြစ်တည်မှုထက် လူဖြစ်တည်မှုက ပိုပြီးအဓိကကျပါတယ်

လူ့အဖွဲ့အစည်းတွေကြားထဲမှာ လူထုကြားထဲမှာ လူမျိုးဖြစ်တည်မှုထက် လူဖြစ်တည်မှုက 
ပိုပြီး အဓိကကျတယ် အရေးကြီးတယ်ဆိုတဲ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် နားလည်လက်ခံလာကြပြီး ကျင့်သုံးနေထိုင်လာကြပြီဆိုရင် ဒီကနေ့မြန်မာပြည်မှာ ကျနော်တို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ နောက်ထပ်လည်း ကြုံတွေ့လာရဦးမယ့် ခေါင်းစဉ်အတော်များများကို ကျုံ့သွားအောင် ဖြေရှင်းလိုက်နိုင်မှာဖြစ်ပါတယ်။

ဘာသာရေးအစွန်းမရောက်ကြစေလိုပါ။

လူသားတိုင်း ရသင့်ရထိုက်သော ရပိုင်ခွင့်၊ ခံစားခွင့် များကို လူမျိုးဘာသာမရွေး ရရှိသင့်ပါသည်။ သို့မှသာ Human Rights (လူ့အခွင့်အရေး)ကို တန်ဖိုးထားရာ ရောက်ပါမည်၊ Human Rights သည် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတွင် အဓိကအခြေခံကြသော မရှိမဖြစ် အချက်ပင်ဖြစ်ပါသည်။

ပုဂ္ဂိုလ်ရေး မုန်းတီးမှုလေးတွေ လျော့ချကြဖို့

အာဏာရှင် လက်အောက်မှာ နိုင်ငံရေး ခေါင်းစဉ်က တစ်ခုတည်းရယ်။ 
ဒီမိုကရေစီ ရရှိရေး .. ပေါ့။

ရန်သူကလည်း တစ်ခုတည်းရယ်။ 
အာဏာရှင် စစ်အစိုးရပေါ့။

Friday, October 25, 2013

ဒေါ်စုလည်း ဝေဖန်သင့်တာတွေ့ရင်၊

ဒေါ်စုလည်း ဝေဖန်သင့်တာတွေ့ရင်၊ မြင်ရင် ဝေဖန်ရမှာပဲ။
ဒေါ်စုမို့ မဝေဖန်သင့်ဘူးလို့ ဒီမိုကရေစီမှာ မရှိဘူး။
ဒီမိုကရေစီမှာ လူထုသာ အမိ လူထုသာ အဖ။

အမုန်းတရားမျိုးစေ့

ကျွန်တော်တို့ဟာ နိုင်ငံရေးအရဖိနှိပ်ခံရမှုအောက်မှာ ဘာသာရေးမုန်းတီးမှုပြဿနာကို 
ဘယ်တုန်းကမှ အရေးတကြီးဦးစားပေးကိစ္စအဖြစ် မပြောခဲ့ကြဘူး၊ 
ပျက်ကွက်ခဲ့ကြတယ်။ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေဖြစ်ပေါ်တိုင်း 
စစ်အုပ်စုရဲ့နိုင်ငံရေးအာရုံလွှဲမှုအဖြစ်နဲ့ဘဲ  အဖြေထုတ်သုံးသပ်ခဲ့ကြတယ်။

Wednesday, September 18, 2013

ဒေါ်စုခင်ပွန်း ပရော်ဖက်ဆာမိုက်ကယ်အဲရစ် ရဲ့ပုံရိပ်လွှာ


သြော် ဒီလမ်းပေါ်မှာလျှောက်တတ်သူတစ်ဦး၊ မြန်မာပြည်ကို လွမ်းနေတဲ့၊မြန်မာပြည်က ချစ်တဲ့သူကို လွမ်းနေတဲ့ သူတစ်ဦးဟာ ကုလားအုတ်စီးကရက်ကို တလိပ်ချင်းဆက်ဖွာရှိုက်ရင်း လိပ်ပြာလွင့်နေတဲ့ သူတစ်ယောက်လို ဟောဒီ လမ်းမပေါ်မှာ လျှောက်လာတတ်တာ စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျွန်မ မြင်ယောင်မိပါပြီ။ တိဗက်ယဉ်ကျေးမှု ကျွမ်းကျင်ပညာရှင်စိန့်အန်တိုနီကောလိပ်(St Antony’s College) ရဲ့ 
အဲဒီ ပရော်ဖက်ဆာဟာ ဒီလမ်းပေါ်မှာ မြန်မာပြည်သူ ကျွန်မနဲ့ ဆုံရင်တော့ သတိဝင်လာသလို ဝမ်းသာအားရ ယဉ်ကျေးလှစွာ၏ နှုတ်ဆက်ရှာရဲ့။

Sunday, September 1, 2013

သမိုင်းရေးပါ။

သန်းခြောက်ဆယ်သော လူထုနဲ့ ဖွဲ့စည်းတည်ရှိတဲ့ မြန်မာ့လူ့ဘောင်ဟာအခုအချိန်မှာ 
အရေးကြီးပြီး ထူးခြားလှတဲ့ သမိုင်းဖြစ်စဉ်ကြီးထဲမှာ စီးမျောဖြတ်သန်းနေရတယ်ဆိုတာ 
လူတိုင်းသိပြီးသားဖြစ်မယ်လို့ ယူဆပါတယ်။
 နိုင်ငံတစ်ခုရဲ့ ဂုဏ်သိက္ခာ ၊ ပညာ၊ ဥစ္စဓန နိုင်ငံတကာနှင့် နှိုင်းယှဉ်မှုစတာတွေကို 
တစ်ခေတ်ဆန်းဖို့ တစ်နည်းအားဖြင့် ပြောင်းပြန်လှန်ပစ်ဖို့ဝိုင်းဝန်းကြိုးပမ်း အားထုတ်နေကြတဲ့ ၊အာဏာရှင်ခေတ်များကို ချိုးဖျက်ပြီးဒီမိုကရေစီခေတ်သစ်ဆီ ဦးတည်လျှောက်လှမ်းနေကြတဲ့ 
သမိုင်းဖြစ်စဉ်ကြီးဖြစ်ပါတယ်။

Thursday, August 29, 2013

Potential နှင့် Skill

နိုင်ငံတစ်ခုရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ရင် potentialထက် skill က အများကြီးပိုပြီးအရေးပါ အများကြီးပိုပြီး ပဓါနကျတဲ့အကြောင်းဆွေးနွေးချင်ပါတယ်။potential ဆိုတာကို အလုံးစုံ ခြုံငုံမိအောင် ပြောရင် ဖြစ်နိုင်ခြေများအလားအလာများရှိနေတဲ့ စွမ်းအားလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ potential တော်တော်ကောင်းကောင်းနဲ့များများရှိနေတယ်လို့ ဆိုရမှာပါ။ပထဝီအနေအထားကောင်း၊ သဘာဝအရင်းအမြစ် ကောင်း ၊ရာသီဥတုကောင်း၊ လူသားအရင်းအမြစ်ကလည်း လုံလုံလောက်လောက် potential နဲ့ပတ်သက်လို့ ပြောစရာမရှိအောင် ကောင်းမွန်ပြည့်စုံလှပါတယ်။

Wednesday, August 28, 2013

ဘာသာ သာသနာကို ခုတုံးလုပ်အသုံးချသောအုပ်စိုးသူများ

ဒီဆောင်းပါးအရှေ့က ကျနော့်ဆောင်းပါးကိုကျနော့်မိတ်ဆွေများက 
“ခရိုနီရွှေစင်ဆု”ဆောင်းပါးဆိုပြီးသြဘာပေးကြပါတယ်။ 
သူတို့သဘောထားနဲ့ထင်မြင်ချက်၊ဝေဖန်ချက်တွေလည်းပေးကြပါတယ်။အဲဒီလိုပေးကြတဲ့ထင်မြင်ချက်တွေထဲမှာ ယခုလို ဘာသာရေးမုန်းတီးမှုတွေ
(အကြမ်းဖက်လူသတ်မီးရှို့မှုတွေ) ဖန်တီးဖြစ်ပေါ်နေချိန်မှာ ဆရာတော် ၂ ပါးကို 
“ နိုင်ငံတော်သမ္မတ၏ဂုဏ်ထူးဆောင်လက်မှတ်” ခါတော်မီပေးအပ်ဆက်ကပ်တာနဲ့
ပတ်သက်ပြီး ကျနော့်ရဲ့သဘောထားအမြင် ထုတ်ဖေါ်ရေးပါဦးဆိုတဲ့ 
တိုက်တွန်းချက်တစ်ခုလည်းပါဝင်ပါတယ်။

Tuesday, August 20, 2013

အခြေခံဥပဒေ အသစ်ရေးဆွဲပြဌာန်းနိုင်ရန် ။

အခြေခံဥပဒေ ရေးဆွဲနေခဲ့တဲ့အချိန် ( အမျိုးသားညီလာခံ ကျင်းပခဲ့တဲ့ အချိန်) တုန်းကနိုင်ငံရေးနယ်ပယ်မှာ ငြင်းခုန်စရာတွေရှိခဲ့သလိုနိုင်ငံရေးမုန်တိုင်းတွေလည်း ပြင်းထန်ခဲ့တာအမှတ်ရကြမယ်လို့ ယူဆပါတယ်။ အမျိုးသားညီလာခံ လမ်းကြောင်းကတစ်ဆင့်လက်ရှိကျင့်သုံးနေတဲ့အခြေခံဥပဒေ အမြန်ပေါ်ပေါက်ပြီး နိုင်ငံရေးလမ်းကြောင်းပြောင်းလဲလာတဲ့အခါ အခြေအနေသစ်ပေါ်မှာရပ်တည်ပြီး
ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းလိုသူ ( အနည်းစု ) နဲ့အမျိုးသားညီလာခံကို ဆန့်ကျင်ပြီး 

အပေါ်က လက်နှင့်ရေးသော်လည်း အောက်က ခြေနှင့်ဖျက်နေဆဲ

အစိုးရသက်တမ်း ၂ နှစ်ကျော်လို့ သုံးနှစ်ထဲ ရောက်လာပြီဖြစ်တဲ့ ခုအချိန်မှာ သမ္မတရဲ့ လူထုအပေါ်ထားတဲ့ စေတနာကို ဘယ်သူကမှ ယုံမှားသံသယ ရှိမနေတော့ပါဘူး။ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှု တွေက သိပ်မထိ ရောက်သေးပေမယ့် စေတနာပိုင်း ကိုတော့လူတိုင်းက အနည်းဆုံး မဆိုးပါဘူးလို့ အသိအမှတ်ပြုကြပါတယ်။ (ခြွင်းချက်အနေနဲ့ အဆိုးမြင်သမား တချို့တလေတော့ ရှိနိုင်ပါတယ်။) လူများစုကတော့ လက်တွေ့ အခွင့်အရေး ရတာ မရှိသလောက် နည်းပါးလွန်းနေသေးပေမယ့် သမ္မတဟာ စိတ်ရင်းအမှန်နဲ့ ကြိုးစားလုပ်ဆောင်နေတယ်ဆိုတာ အသိအမှတ်ပြုကြပါတယ်။ 

Thursday, August 15, 2013

ရှစ်လေးလုံး ၏ မော်ကွန်းသစ်

ရှစ်လေးလုံးဆိုတာ အလွန်တရာ ကြီးကျယ်ခမ်းနားလှတဲ့ မြန်မာ့သမိုင်းမော်ကွန်းဖြစ်ပါတယ်။န
ကမ္ဘာ့သမိုင်းမှတ်တိုင်လည်းဖြစ်ပါတယ်။ခတ်ပြောင်းတော်လှန်ရေး  လှိုင်းတံပိုးကြီးကို အရှိန်ပြင်းပြင်း ရိုက်ခတ်စေခဲ့ပါတယ် ။
ရှစ်လေးလုံးရဲ့ ပန်းတိုင် ရှစ်လေးလုံးရဲ့ အန္တိမ ရည်မှန်းချက်ပန်းတိုင်ဖြစ်ပါတယ်။  
ရှစ်လေးလုံးဟာ မျက်နှာစာ နှစ်ဘက်ရှိတဲ့ မြန်မာ့သမိုင်းဖြစ်ပါတယ်။

Tuesday, August 6, 2013

လူ့ယဉ်ကျေးမှုကို တောင်းဆိုသူများ

လူတွေကို ဘာသာတရား နဲ့ ခွဲခြားရှုမြင်ခြင်းထက် " မင်းဟာ အကြမ်းဖက်မှုကို ထောက်ခံသူလား၊ အကြမ်းမဖက်မှုကို လိုလားသူလား" ဆိုတဲ့ လူ့ယဉ်ကျေးမှု ပေတံနဲ့ ပထမဆုံး တိုင်းတာသင့်ပါတယ်။လွတ်လပ်တဲ့ အာရှအသံရဲ့ ဂျူလိုင် (၂၇) ညပိုင်းမှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။မကြာသေးခင်ရက်များအတွင်းက ကုလသမဂ္ဂညီလာခံမှာ ပါကစ္စတန်နိုင်ငံ စွက်ချိုင့်ဝှမ်းဆီက အစ္စလာမ်အမျိုးသမီးငယ် မာလာလာ ရဲ့ မိန့်ခွန်းကို နားထောင်မိကြပါလိမ့်မယ်။

Friday, August 2, 2013

အမုန်းမီးများ ငြှိမ်းပေးပါ

အကြိတ်အခဲ အဖုအထစ်များသည် သာမန် သူငယ်ချင်းချင်း စကားဝိုင်းငယ်ကလေးများသို့ပါ ပျံ့နှံ့နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး နေလာသော သူငယ်ချင်း အသိုင်းအဝိုင်းများအကြား စကားလေး တခွန်းပင် အမှားမခံသည့် အဖြစ်အပျက်မှာ အတော်ကလေး အံ့သြစရာ ကောင်းလှသည်။

ရဟန်းတပါးရဲ့အမြင် (ဦးအဂ္ဂ)

ပုဂ္ဂလိက ခံစားချက်လေး ပြောဦးမယ်။ ဦးဇင်းတို့ ဗုဒ္ဓဘာသာ ကိုယ်တိုင် အဆင့်အတန်းတွေ ကွဲမှန်း မသိကွဲကုန်ကျပြီ၊ အခုလက်ရှိ အနေအထားကိုကြည့် ချမ်းသာတဲ့ ဘုန်းကြီး၊ ဘုန်းကြီးတဲ့ဘုန်းကြီးတွေ အနားမှာကြည့် ဘယ်သူတွေဝိုင်းနေတာလဲ။ ဆင်းရဲတဲ့သူတွေ ကပ်နိုင်ရဲ့လား၊ ဝေလာဝေး သဘောရိုးနဲ့ ကပ်ရင်တောင် မရှိခိုးနိုးနိုးနဲ့ ကြည့်ကြတာမို့လား။ အဲဒါ ဘာတွေ ဖြစ်လာလဲ။

တိုက်ပုံဝတ်ကြရပါမယ်

ဟိုတနေ့က ဖျာပုံက အသိတချို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်းမှာ တယောက်က ဒန်ပေါက်သွားဝယ်လိုက်ဦးမယ် ဆိုပြီး ပြောပါတယ်။ အဲ့ဒီမှာတင် နောက်တယောက်က ထပြောလိုက်တယ်၊ အဲ့ဒီဆိုင်မှာသွားမ၀ယ်နဲ့၊ ဗမာရောင်းတဲ့ ဆိုင်မှာပဲ ၀ယ်တဲ့။

အဲ့ဒီလို မွတ်စလင်ဆန့်ကျင်ရေးအမြင်တွေဟာ ဗုဒ္ဒဘာသာဝင် ဘယ်လောက်များများမှာ ရှိနေပြီလဲဆိုတာ မသိပေမဲ့ ဗုဒ္ဒ ဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကြားမှာ အက်ကြောင်းကြီးတခု ထင်နေပြီဆိုတာတော့ သေချာပါတယ်။