Home

Friday, October 25, 2013

ဒေါ်စုလည်း ဝေဖန်သင့်တာတွေ့ရင်၊

ဒေါ်စုလည်း ဝေဖန်သင့်တာတွေ့ရင်၊ မြင်ရင် ဝေဖန်ရမှာပဲ။
ဒေါ်စုမို့ မဝေဖန်သင့်ဘူးလို့ ဒီမိုကရေစီမှာ မရှိဘူး။
ဒီမိုကရေစီမှာ လူထုသာ အမိ လူထုသာ အဖ။
-----------------------------------------------------------
ကျနော်တို့လူတွေ ခက်တယ်ဗျို့။
အရင်စစ်အစိုးရ ဆိုးခဲ့ ညစ်ခဲ့တာတွေကိုကျတော့ ဘာလို့မဝေဖန်သလဲ၊
ဘာလို့ ဒေါ်စုကျမှဝေဖန်ရတာလဲဆိုတာမျိုးတွေပါ တချို့ကပြောလာပြန်ပြီ။
အာဏာရှင်အဆက်ဆက်က လုပ်ခဲ့လို့ ပြည်ပျက်ခဲ့ရတဲ့ကိစ္စက ဗျာ။

ပြောရင်ဆုံးပါတော့မလား။
ကျနော်တို့က အပျက်ကို ပြင်နေကြတာမို့လား။ သမိုင်းက ရှိနေတာပါပဲ။
သမိုင်းကို ဖျောက်လို့မရပါ။ ပြင်လို့မရပါ။ သမိုင်းဆိုတာ အကောင်းအဆိုး
အားလုံး သင်္ခန်းစာယူဖို့ဖြစ်ပါတယ်။ ဒါပေမယ့် သမိုင်းမှာ ဆိုးခဲ့တဲ့သူတွေကို ထိုင်လက်ညှိုးထိုး 

အပြစ်ဖို့နေလို့တိုင်းပြည်ကောင်းမလာပါ။ ကံ ကံ၏ အကျိုးဆိုတာက ရှိပြီးသားပါဗျာ။
ကျနော်တို့ အတိတ်လို ဒုက္ခတွေ ၊ ပြသနာတွေ နောက်ထပ်မပေါ်အောင် အာမခံချက်ရှိတဲ့
အနာဂါတ်တစ်ခု ရအောင် ဝိုင်းပြီးပုံဖော်ကြရအောင်လား။

ကျနော်က အွန်လိုင်းပေါ်မှာ ဟိုဘက်ဒီဘက် အောက်တန်းကျကျ အလွတ်ကြီးဆဲဆိုနေတာထက်စာရင်
ဒီမိုကရေစီနဲ့ ဆီလျော်တဲ့ ဒီဘိတ်ပုံစံလေးတြွေ ငင်းခုန်မှုကလေးတွေ ဝိုင်းပြီးမွေးမြူပေးကြစေချင်
ပါတယ်။ တစ်ဦးနဲ့တစ်ယောက် လေးလေးစားစားနဲ့ လက်တွေ့ကျကျ ကိုယ့်အယူအဆ သူ့အမြင်ငြင်းကြရင် ဆွေးနွေးကြရင်ကျနော်တို့ ယဉ်ကျေးမှုလည်း မြင့်လာမယ်ဗျ။
ကျနော်တို့ရဲ့ တန်ဖိုးတွေလည်း နိုင်ငံတကာအဆင့်မီလာမယ်။
ညစ်ထေးနိမ့်ကျတဲ့ယဉ်ကျေးမှု အစုတ်အပြတ်ကြီးကို အဆင့်မြင့်တဲ့တွေးခေါ်မြော်မြင်မှုတွေ ပါဝင်တဲ့၊
လူစဉ်မီတဲ့ ရင့်ကျက်တဲ့ယဉ်ကျေးမှုအသစ်တစ်ခုနဲ့အစားထိုးဖို့ ကျနော်တို့ ဝိုင်းလုပ်ကြရအောင်ဗျာ။

အတိုက်အခံကို ဝေဖန်တာက ဝေဖန်မှုကိုတန်ဖိုးထားတယ်။ပြင်စရာရှိရင်ပြင်ဖို့ အဆင်သင့်ရှိတယ်။ ဒီမိုကရေစီနဲ့ လျောညီတဲ့ယဉ်ကျေးမှုကိုပျိုးထောင်ခြင်းဖြစ်တယ်လို့ ယုံကြည်လို့ပါ။

အာဏာရှင်စနစ်ကိုလား၊ ကျနော်လည်း ခင်ဗျားတို့လိုပဲ မုန်းတာပေါ့ဗျာ။
ကျနော် ကိုယ်တိုင် ခင်ဗျားတို့နဲ့အတူတူ ၈၈ ကတည်းက ဒီနေ့အထိ
အာဏာရှင်စနစ် ကျဆုံးဖို့ ဒီမိုကရေစီ ပေါ်ထွန်းဖို့တတ်စွမ်းသမျှ လုပ်နေပါတယ်ဗျာ။
အာဏာရှင်ကို ဝေဖန်အပြစ်တင်နေလို့ မထူးပါဘူး။ အဲဒီစနစ်ဆိုးကြီးအမြစ်မတွယ်ဖို့
လက်တွေ့ကျကျလုပ်ကြဖို့က အဓိကမဟုတ်လားဗျာ။ ဒီမိုကရေစီပေါ်ပေါက်ဖို့ လုပ်စရာတွေ အများကြီးမို့လားဗျာ။
အတိတ်ကို သင်္ခန်းစာ ယူဖို့ကလွဲလို့ ငြိုးဖို့ တေးဖို့ ရန်ပြုဖို့ ဂလဲ့စားချေဖို့ ခုံရုံးတင်ဖို့
စဉ်းစားမနေကြပါနဲ့တော့၊ အလုပ်မဖြစ်ပါ။ အလုပ်ဖြစ်အောင်လုပ်ကြရအောင် တစ်ပိုင်တစ်နိုင်ပေါ့ဗျာ။

အဓိကက အယူအဆမတူတဲ့ သူချင်း တံဆိပ်မကပ်ကြပါနဲ့။တစ်ယောက်နဲ့တစ်ယောက်
အကြိုက်မတူပါ။ ကြံ့ခိုင်ရေးထောက်ခံတဲ့သူလည်းရှိသလို၊ ဒေါ်စု ထောက်ခံသူတွေကလည်း အများကြီးပါ။ တိုင်းရင်းသားတွေလည်းတစ်ဘက်မှာ အသီးသီးရှိနေပါသေးတယ်။
ကိုယ်ကြိုက်တာ လိုက်မကြိုက်လို့ရန်သူသတ်မှတ်နေသေးသရွေ့ဒီမိုကရေစီ မလာသေးဘူးဗျ။

ကိုယ့်ကြမ္မာကို ကိုဖန်တီးကြစို့လားဗျာ။ အရေးကြီးတာက မတူညီတာတွေကို
လေးစားဖို့ လွတ်လပ်စွာသဘောထားကွဲလွဲဖို့ဆိုတာ မျက်ခြေမပြတ်သင့်ပါ။
အောက်တန်းနောက်တန်းကျကျ မပြောကြပါနဲ့။ တစ်ဘက်သားထိခိုက်တာမထိခိုက်တာထက
ကိုယ့်ရဲ့တန်ဖိုးကို အထိခိုက်မခံကြပါနဲ့။ ကိုယ့်တန်ဖိုးကို ကိုယ်ပဲမြှင့်လို့နှိမ့်လို့ရပါတယ်
သူများကြောင့် ကိုယ်တန်ဖိုးမကျနိုင်သလို တန်ဖိုးလည်းမတက်နိုင်ပါဘူး။
အတိုက်အခံကို ဝေဖန်တာ တန်ဖိုးထားလို့ဖြစ်ပြီး အာဏာရှင်ကို စကားထဲတည့်မပြောတာ
ကတော့တန်ဖိုးလည်းမရှိ တန်ဖိုးထားစရာလည်းမလိုဘူးထင်လို့ပါ ။ 

လက်ရှိအစိုးရက အာဏာရှင်မဟုတ်ကြောင်းနဲ့လိုအပ်ရင် ကျနော်လည်းဝေဖန်ပါကြောင်း 
လက်ရှိအစိုးရက သက်တမ်းတိုတိုလေးပဲကျန်တော့တာဖြစ်ပြီး အတိုက်အခံတို့က အနာဂါတ်နဲ့
သက်ဆိုင်နေတာကြောင့် အတိုက်အခံကိုလည်းဝေဖန်ထောက်ပြဖို့မဖြစ်မနေ လိုအပ်ပါကြောင်း ပြောပါရစေ။
အနာဂါတ်ကောင်းဖို့ အလေးပေးကြစေလိုပါတယ်ဗျာ။ ။

(ပိုက်တင်)