ကိုယ့်တိုင်းပြည်၊ ကိုယ့်ဒေသ၊ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ကိုယ့်ယုံကြည်မှု၊ ကိုယ့်ကိုးကွယ်မှု၊ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာစကား၊ကိုယ့်ဝတ်စားဆင်ယင်မှု၊ ကိုယ့်သွေးကိုယ်သား၊ကိုယ့်ပါတီ၊ ကိုယ့်အုပ်စုဆိုတဲ့ကိုယ့်အတ္တတွေ တသီတတန်းနဲ့၂၀၁၃ နှစ်သစ်ကိုကြိုဆိုကြမှာလား။ဒီမိုကရေစီလူ့ဘောင်ကို ထူထောင်ကြမှာလား။
ဒီမိုကရေစီလူ့ဘောင်ကို ဖော်ဆောင်ကြမှာလား။
ငြိမ်းချမ်းသောလူ့ဘောင်ကို တည်ဆောက်ကြမှာလား။
မည်သည့် တိုင်းပြည်၊ မည်သည့်ဒေသကိုမဆို၊မည်သည့်လူမျိုး၊ မည်သည့်ဘာသာကိုမဆို၊ မည်သည့်ယုံကြည်မှု၊မည်သည့်ကိုးကွယ်မှုကိုမဆို၊ မည်သည့်ပါတီ၊ မည်သည့်အုပ်စုကိုမဆို၊ မည်သည့်ဝတ်စားဆင်ယင်မှုကိုမဆို၊မည်သည့်အသွေး၊အသားကိုမဆို၊ဖျက်စီးလိုစိတ်၊ နှောက်ယှက်လိုစိတ်၊ဖျောက်ဖျက်လိုစိတ်၊ နှိမ့်ချလိုစိတ်၊စော်ကားလိုစိတ်၊ အနိုင်ကျင့်လိုစိတ်၊ ရက်စက်လိုစိတ်၊ မျိုးဖြုတ်လိုစိတ်တို့ကင်းရှင်းသော စိတ်ဓါတ်မွေးမြူရမည်။
နှစ်သစ်အပြောင်းမှာ လူသစ်ဖြစ်ဖို့ခေါင်းလျှော်င်္ယု၊ အဝတ်လျှော်ယုံနှင့်မပြီး။ စိတ်သစ်ဖြစ်ဖို့စိတ်ကိုလည်းလျှော်ရမယ်။
စိတ်သစ်ဖို့က လူသစ်ဖို့ထက် အရေးပါတယ်။
သို့မှသာသာယာသောလူ့ဘောင်၊ငြိမ်းချမ်းသောလူ့ဘောင်၊ဒီမိုကရေစီလူ့ဘောင်ကို အရောက်လှမ်းနိုင်မည်ဖြစ်ပေသည်။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
့http://www.newmoekaungkin.blogspot.com