ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး ၊ကိုယ့်ဘာသာ၊ ကိုယ့်ယုံကြည်မှု၊ ကိုယ့်အယူအဆ၊ကိုယ့်ရည်ရွယ်ချက်၊ ကိုယ့်ခံယူချက်၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာစကား၊ ကိုယ့်အသားအရောင်နဲ့ ကိုယ့်ဝတ်စားဆင်ယင်မှု စတာတွေကိုသာ အလေးထားပြီး၊ တစ်ခြားသူတို့ရဲ့ ဒေသ၊ လူမျိုး ၊ ဘာသာ၊ ယုံကြည်မှု၊ အယူအဆ၊ ရည်ရွယ်ချက်၊ ခံယူချက်၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ အသားအရောင်၊
ဝတ်စားဆင်ယင်မှုစတာတွေ သိအောင်မကြိုးစားဘဲ၊ ထည့်မတွက်ဘဲ၊ ဖိနှိပ် စော်ကား အနိုင်ကျင့် နှိမ်ချ နေသမျှတော့
ဝတ်စားဆင်ယင်မှုစတာတွေ သိအောင်မကြိုးစားဘဲ၊ ထည့်မတွက်ဘဲ၊ ဖိနှိပ် စော်ကား အနိုင်ကျင့် နှိမ်ချ နေသမျှတော့
စနစ်တွေ ဘယ်လောက်ပြောင်းပြောင်း၊ မူတွေဘယ်လောက်ပြောင်းပြောင်း နိုင်ငံရေးကို အောင်မြင်အောင် ဘယ်တော့မှ မလုပ်နိုင်ပါဘူး။
စနစ်တွေပြောင်းသလို၊ မူတွေပြောင်းသလို လူတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မြတ်ဖို့လိုတယ်။ ခေတ်ဟောင်း စနစ်ဟောင်းကစိတ်ဓာတ်တွေ၊ အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေပြောင်းဖို့လိုတယ်။
ဒီမိုကရေစီနိုင်ငံ တည်ဆောက်ချင်တယ်ဆိုရင် ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်ဆိုတာကို လက်ခံရလိမ့်မယ်။
နေထိုင်ရာနယ်မြေဒေသ ကွဲလွဲတာလည်းရှိမယ်။ လူမျိုးမတူ ဘာသာကွဲပြားတာတွေလည်းရှိမယ်။ ယုံကြည်မှု၊ အယူအဆ၊ ရည်ရွယ်ချက်၊
ခံယူချက်၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ အသားအရောင်၊ ၀တ်စားဆင်ယင်မှုစတာတွေ မတူကွဲပြားတာတွေလည်းရှိမယ်။ အဲဒီမတူကွဲပြားမှု
တွေကို နားလည်နိုင်အောင်ကြိုးစားရမယ်။ သိအောင်ကြိုးစားရမယ်။ အဲဒီမတူကွဲပြားမှုတွေကို ထည့်တွက်နိုင်အောင်ကြိုးစားရမယ်။
အခြေအနေ အနေအထားမတူတာတွေ၊ သဘောထားမတိုက်ဆိုင်တာတွေ၊ ငြင်းခုံတာတွေဟာ ဒီမိုကရေစီရဲ့အလေ့အထဆိုတာ နားလည်သည်းခံကြဖို့ လိုပါတယ်။ တူညီတာတွေစုစည်း၊ မတူညီတာတွေညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်။ ဆန္ဒစွဲတွေဘေးဖယ်ပြီးတော့ စည်းစည်းလုံးလုံးနဲ့ လုပ်ဖို့တော့လိုပါတယ်။ ကိုယ်ကပဲမှန်တယ်၊ တစ်ခြားသူကိုတော့မှားတယ်ဆိုတဲ့ အယူအဆမျိုးတွေ၊ ခံယူချက်မျိုးတွေ ရှိနေသေးရင်တော့ စွန့်လွှတ်လိုက်ရမယ်။
မိမိတို့နိုင်ငံအတွင်းမှာ ဘယ်ဒေသမှာပဲနေနေ၊ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာပဲဖြစ်ဖြစ် နိုင်ငံသားမှန်ရင် နိုင်ငံသားအားလုံးကို ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ပေးဖို့လိုမယ်။ တန်းတူအခွင့်အရေးရရှိဖို့လိုမယ်။ သို့မှသာ လူမျိုး၊ဘာသာ၊ယုံကြည်မှု၊ အယူအဆ၊ ရည်ရွယ်ချက်၊ ခံယူချက်၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ အသားအရောင်၊ ၀တ်စားဆင်ယင်မှုစတာတွေ မတူကွဲပြားနေပေမဲ့ နိုင်ငံသားတို့ရဲ့ရပိုင်ခွင့်တွေကို အတူတကွမျှဝေခံစားနိုင်မှာဖြစ်သည့်အပြင် လွတ်လပ်တရားမျှတတဲ့၊ ဒီမိုကရေစီထွန်းကားတဲ့၊ လူ့အခွင့်အရေး အပြည့်အ၀ရှိတဲ့ တည်ငြိမ်ခိုင်မာတဲ့၊ သာယာဝပြောမှုနဲ့ပြည့်စုံတဲ့ ခေတ်သစ် စနစ်သစ်ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။