ခုဒီဘက်ခေတ်မှ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ပိုများလာတယ်ဆိုရင်.....
ဘာသာတရားတွေရဲ့သွန်သင်မှုတွေဟာ ပင်ကိုယ်လူသားဘဝ နေ့စဉ်ငြိမ်းချမ်းဖို့အခြေပြုခဲ့ကြတာပါ၊
ငါ့ဘာသာမှ ငါ့ဘာသာ၊ ငါ့လူမျိုးမှ ငါ့လူမျိုး ဖြစ်လာပြီဆိုရင်.....
ဆရာအကျော်အမော်တွေ အတ္တပုဂ္ဂလိက ဆန္ဒအရ လိုရာဆွဲယူ ကွန့်မြူးရာကနေ
မူရင်းဘာသာရဲ့ တရားကိုယ် သဘောတရားတွေ ပျောက်ကွယ်လာပြီလို့ပြောနိုင်ပါ
လူသားဖြစ်တည်မှုထက် ဘယ်တံဆိပ်မှ အရေးမကြီးပါ၊
လူသားတိုင်းဟာ ကိုယ့်ကိုယ်,ကိုယ် မသိတတ်သေးခင်မှာပဲ
တံဆိပ်တမျိုးမဟုတ် အတပ်ခံထားရတာပါပဲ၊
ရှိပြီးသား တံဆိပ်ကို နှစ်မျိုး၊ သုံးမျိုးထပ်ခွဲတာလဲ
ကျုပ်တို့လူသားတွေပါပဲ၊
ဘယ်ဘာသာ၊ ဘယ်လူမျိုးမှ တစ်ခုအပေါ်တစ်ခု အန္တရာယ်သက်ရောက်စေခြင်းကို လက်မခံသင့်ပါ၊
ရှင်းရှင်းပြောရရင်တော့ ....တောကြောင်တွေ လက်ခမောင်းခတ်ဖို့ ဂွင်ဆင်နေပါပြီ။
Credit to - Lu Cifer
ဘယ်ဘာသာ၊ ဘယ်လူမျိုးမှ တစ်ခုအပေါ်တစ်ခု အန္တရာယ်သက်ရောက်စေခြင်းကို လက်မခံသင့်ပါ၊
ရှင်းရှင်းပြောရရင်တော့ ....တောကြောင်တွေ လက်ခမောင်းခတ်ဖို့ ဂွင်ဆင်နေပါပြီ။
Credit to - Lu Cifer