Home

Showing posts with label MyArticle. Show all posts
Showing posts with label MyArticle. Show all posts

Wednesday, July 29, 2015

ဒီမိုကရက်တစ်ခေါင်းဆောင်ကို ရွေးချယ်ကြပါ ။

၂၀၁၅ ရွေးကောက်ပွဲကတော့ နီးကပ်လာနေပါပြီ။ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုပါတယ်။ လူထုကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားမှုနည်းနေတယ်လို့ ထင်ပါတယ်။ စိတ်ဝင်စားမှုနည်းကြတဲ့ အဓိက အကြောင်းရင်းကို ရပ်ကွက်နေလူထုအချို့နဲ့ တွေ့ဆုံမေးမြန်းကြည့်မိသလောက်ကတော့ ရွေးကောက်ပွဲကို ယုံကြည်မှုအားနည်းနေတာပဲဆိုတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲကို လူထုက ဘာကြောင့်အယုံအကြည်နည်းရတာလဲဆိုရင် ကျွန်တော်တိုင်းပြည်မှာ ခေတ်အဆက်ဆက် မဲရွေး မဲထဲ့လာခဲ့တာမှန်သမျှ ကိုယ့်လူကိုယ်ရွေးတဲ့စနစ်တွေသာ ဖြတ်သန်းလာခဲ့ရတာ များပါတယ်။  ဒီဘက်နောက်ပိုင်း ဒီမိုကရေစီ ပြောင်းလဲဖော်ဆောင်လာတဲ့ ခေတ်မှာပင်လျှင် မဲလိမ်၊ မဲခိုး၊ မဲမသမာမှုတွေ ရှိရုံတင်မက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကိုတောင် အာဏာလွှဲအပ်မှုတွေ မရှိခဲ့တာဟာ လူထုရဲ့ အယုံအကြည် ကင်းမဲ့မှုရဲ့ အခြေခံပဲဖြစ်ပါတယ်။

Tuesday, July 14, 2015

ကမ္ဘာကြီးက ဟစ်တလာလိုအာဏာရှင်မျိုး မလိုလားတော့ပါ ။

ဒီမိုကရေစီစံနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ရွေးကောက်ပွဲတွေဟာ အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတာ၊ ကျဆင်းနေတာတွေဟာ အုပ်ချုပ်သူတွေ၊ အုပ်ချုပ်တဲ့ စံနစ်တွေနဲ့ သက်ဆိုင်နေတဲ့အတွက် လူထုကလည်း အုပ်ချုပ်သူအပြောင်းအလဲနဲ့ ခေတ်စံနစ်အပြောင်းအလဲကို တောင်းဆိုလာတတ် ကြပါတယ်။ ဒါကြောင့်လူထုဟာ ရွေးကောက်ပွဲ တွေကို စိတ်ဝင်စားပြီး မျှော်လင့်လာ ကြတယ်။ ရွေးကောက်ပွဲတွေ ကျင်းပတယ်ဆိုတာ အုပ်ချုပ်မှုအာဏာရဖို့ အပြိုင်အဆိုင် ပြုလုပ်ကြတာ၊ မဲဆွယ်ကြတာ၊ မဲပေးကြတာ၊ ရွေးကောက်တင်မြှောက်ကြတာ ဆိုပေမယ့် တကယ်တော့ နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့၊ ပြည်သူလူထုရဲ့အခြေအနေ အဆင့်အတန်းမြင့်မားလာဖို့အတွက် အုပ်ချုပ်သူ ပြောင်းလဲစေဖို့၊ အုပ်ချုပ်တဲ့စံနစ်တစ်ခု ပြောင်းလဲဖို့ကို တောင်းဆို လာကြတာလည်းဖြစ်တယ်။

Tuesday, July 7, 2015

ကိုယ့်သမိုင်း ကိုယ်ရွေး၊ ကိုယ့်သမိုင်း ကိုယ်ရေး

ဒီမိုကရေစီလို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့က လွတ်လပ်ခွင့်လို့ပဲ သဘောပေါက်ကြပါတယ်။ လွပ်လပ်ခွင့် ဆိုပေမယ့် ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ခွင့်တော့ မရှိဘူးဆိုတာလည်း သဘောပေါက်သင့်ပါတယ်။ ဒါကို အုပ်ချုပ်နေတဲ့အစိုးရ အပါအ၀င်  နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးကလည်း သဘောပေါက်ဖို့တော့ လိုအပ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ လွတ်လပ်ခွင့် ဆိုတာ တစ်ဦးတစ်ယောက်ချင်းရဲ့ လွတ်လပ်ခွင့် ဆိုပေမယ့် သူတစ်ပါးကို မထိခိုက်တဲ့ လွတ်လပ်ခွင့်ဖြစ်မှသာ လွတ်လပ်ခြင်းရဲ့အရသာကို နိုင်ငံသားအားလုံး ခံစားနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ချက်က ဒီမိုကရေစီဆိုတာ အုပ်ချုပ်တဲ့ အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ဘဲ၊ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးမှာလည်း တာဝန်ရှိပါတယ်။ ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ကလည်း

Thursday, July 2, 2015

အမျိုးသားရေးဝါဒ သူငယ်နာ မစင်ကြသေးတာလား။

ကျွန်တော်တို့တိုင်းပြည်ကို လာမယ့်အနာဂတ်မှာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်တစ်ရပ် ဖော်ဆောင်လိုတယ် ဆိုရင်၊ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုအဖြစ် ကမ္ဘာအလည်မှာ ထည်ထည်ဝါ၀ါနဲ့ ပေါ်ထွန်းလာစေ ချင်တယ်ဆိုရင်၊ အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်ရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေနဲ့ အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်ဥပဒေတွေကို ပြုပြင်ပြောင်းလဲပြီး၊ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတွေအားလုံးအပေါ် ထားတဲ့  သဘောထားအမြင်တွေ ပြောင်းလဲဖို့လိုအပ်ပါတယ်။

          စစ်မှန်တဲ့ဒီမိုကရေစီဆိုရင် ဥပဒေစိုးမိုးရေးရှိရမှာ ဖြစ်တဲ့အပြင် လူတိုင်းရဲ့မွေးရာပါ အခွင့်အရေးဖြစ်တဲ့ လူ့အခွင့်အရေးကို အရေးထားလေးစားရပါမယ်။ လူ့အခွင့်အရေးကို အလွယ်ဆုံးပြောရရင်တော့ ဥပဒေတစ်ခုတည်း အောက်မှာ လူသားအားလုံးတန်းတူ အခွင့်အရေးရဖို့ပဲဖြစ်တယ်။ ကမ္ဘာအဆင့်မီ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရဲ့ ဘက်တော်သားတွေကတော့ လူ့အခွင့်အရေးကိုရှေ့တန်းတင်ပြီး လူမျိုးမရွေး ဘာသာမရွေး တန်းတူအခွင့်အရေး ဆိုတဲ့မူကို လက်ကိုင်ထားကြတယ်။ ဥပဒေစိုမိုးရေး စကားတွေကိုသာ တွင်တွင်ပြောလာကြတယ်။

လူမျိုးရေး၊ ဘာသာရေး စွက်ဖက်မှုကင်းတဲ့ နိုင်ငံရေးဖြစ်အောင် ကြိုးစားကြ

ဒီမိုကရေစီကို ပါးစပ်အရသာခံပြောနေရုံနဲ့တောာ့ ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ကမ္ဘာအလည်မှာ လွယ်လွယ်ကူကူ ဖြစ်မလာနိုင်ပါဘူး။ အလုပ်တွေအများကြီး ဒီထက်ပို လုပ်ကြရအုံးမယ်။ အများကြီးကြိုးစား ရအုံးမယ်။ အများကြီးပြင်ကြရအုံးမှာ ဖြစ်ပါတယ်။

          ကျွန်တော်တို့တိုင်းပြည်မှာ အခုမှ ဒီမိုကရေစီကို ပြောင်းလဲဖို့ကြိုးစား တည်ဆောက်နေတာပါ။ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့အတွက် စမ်းသပ်ကာလဖြစ်ပါတယ်။ စမ်းသပ်ကာလဆိုတာ အဆင်ပြေရင် ဆက်သွားမယ်။ အဆင်မပြေ ရင်တော့ ဘာဖြစ်လာမလဲ မသေချာသေးတဲ့ သဘောသက်ရောက်နေပါတယ်။

ဒါကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ သွေဖည် မသွားဖို့ဆိုတာ အားလုံးမှာ တာဝန်ကိုယ်စီရှိတယ် ဆိုတာတော့ သတိရှိစေချင်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်ပြောင်းလဲလိုတယ်၊ ဒီမိုကရေစီ ပန်းတိုင်ကို မရောက်ရောက်အောင် တက်လှမ်းလိုတယ်ဆိုရင်တော့ ပြည်သူလူထုတစ်ရပ်လုံးက သတိဝိရိယရှိရှိ လုံ့လစိုက် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

Wednesday, July 1, 2015

အမျိုးသားရေးဝါဒ အတုအယောင်(သို့) အာဏာတည်မြဲရေး နောက်ဆုံးခံတပ်။-

ကမ္ဘာ့ပေါ်မှာရှိတဲ့ အာဏာရှင်တွေ အုပ်ချုပ်တဲ့နိုင်ငံတွေ အတော်များများမှာ အာဏာကို ချုပ်ကိုင်ထားလိုတဲ့၊ အာဏာကို လက်မလွှတ်လိုတဲ့၊ အာဏာကို မတရားတဲ့နည်းနဲ့ သိမ်းပိုက်ထားလိုတဲ့ အာဏာရှင်အစိုးရတွေဟာ လူထုရဲ့အာရုံစူးစိုက်မှုတွေ သူတို့ဘက် လှည့်မလာဖို့အတွက် လူထုကို အချင်းချင်း သွေးခွဲ သပ်လျှို ရန်တိုက် ပေးထားလေ့ ရှိပါတယ်။ လူထုကို သွေးခွဲ သပ်လျှို ရန်တိုက်ပေးဖို့ အတွက် အာဏာရှင်တို့ ခေတ်အဆက်ဆက် လက်ကိုင်ထား အသုံးချလေ့ရှိတဲ့ နည်းစနစ်ကတော့ အမျိုး ဘာသာ သာသနာလို့ ခေါင်းစဉ်တတ်ထားပြီး အမျိုးသားရေးဝါဒဆိုတဲ့ လူထုသည်းခြေကြိုက် စကားလုံးပါပဲ။
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ အမျိုးသားရေးရဲ့အဓိပ္ပာယ်ကို

Sunday, May 31, 2015

ဘာသာရေးခေါင်းစဉ်အောက်က နိုင်ငံရေးထောင်ချောက်

ကိုးကွယ်ယုံကြည်ရာ ဘာသာတရားတွေက ဘယ်လူမျိုးကိုမှ အနှောက်အယှက်မပေးပါဘူး၊ မရှုပ်ထွေးစေပါဘူး။ ဘာသာတရားတွေကို ခုတုံးလုပ်ပြီး မိမိလိုရာ အသုံးချနေလို့၊ ဘာသာတရားကို အကြောင်းပြုပြီး အသက်မွေး ၀မ်းကြောင်းပြုနေကြလို့ (နောက်တစ်နည်းပြောရရင်) ဘာသာရေးခေါင်းစဉ်တပ်ပြီး မိမိတို့ ကိုယ်ကျိုးစီးပွားအတွက်
လုပ်စားနေကြလို့ ရှုပ်ထွေးနေတာပါ။

အတိတ်သမိုင်းကို မမေ့ကြဘဲ သင်ခန်းစာယူသင့်ကြပါပြီ။

ကျွန်ုပ်တို့ တိုင်းပြည်မှာရှိတဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ လူအဖွဲ့အစည်းတွေဟာ ရှေးခေတ်အဆက်ဆက် ကတည်းက တစ်ခုနဲ့တစ်ခု အင်မတန်နီးနီးကပ်ကပ် ချိတ်ဆက်နွယ်ယှက်နေကြပေမယ့် ယခုလို အမှောင်ခေတ်ရဲ့ စနစ်ဆိုးကို ဆန့်ကျင်ပြီး၊ ဒီမိုကရေစီစနစ် ပြောင်းလဲဖော်ဆောင်ဖို့ လူထုက တောင်းဆိုတိုက်ပွဲ ၀င်လာချိန်ကစပြီး အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ ဖျက်ဆီးမှုအင်အား၊ အမုန်းတရား အင်အားတွေ တိုးပွားလွန်းနေပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတစ်ရပ်တော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

ဒီမိုကရေစီစနစ်နဲ့ ထိုက်တန်လျော်ညီတဲ့ လူသားမျိုးနွယ်ဖြစ်အောင် ကြိုးစား။


ကျွန်တော်တို့နိုင်ငံက နှစ်ပေါင်းငါးဆယ်ကျော် အာဏာရှင်စနစ်ဆိုး အောက်မှာ ဖြတ်သန်းလာခဲ့ ရတာပါ။ နှစ်ပေါင်းငါးဆယ်ကျော်၊ ရာစုနှစ် ၀က်ကျော် အမှောင်ခေတ်ထဲမှာ ဖြတ်သန်းခဲ့ ရတာပါ။ ကျွန်တော်တို့တတွေရဲ့ ဥဏှောက်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေကလည်း အမှောင်ဖုံးနေခဲ့ကြ ရတာပါ။ အခု မကြာသေးခင်ကမှ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းဖို့ ကြိုးစား ရုန်းကန်နေတာဖြစ်ပါတယ်။

ကျွန်တော်တို့တတွေအတွက်လည်း ဥဏှောက်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆ တွေ အလင်းရဖို့ ၊ အမြင်ရှင်းဖို့၊ အတွေးခေါ်တွေမြင့်မားဖို့၊ အယူအဆတွေ ဆန်းသစ်ဖို့ လမ်းစပွင့် လာနေတဲ့ အချိန်ပါ။ အသွင်ကူးပြောင်းတဲ့ကာလတွေမှာတော့ အခက်အခဲတွေ၊ ပြဿနာတွေ လူမျိုးရေးပဋိပက္ခတွေ ကြုံတွေ့နေရတာတော့ အမှန်ပါ။

ခေတ်ဟောင်းစံနစ်ဟောင်းက စိတ်ဓာတ်ဟောင်းတွေ တော်လှန်ကြပါစို့

ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းဖော်ဆောင်နေတဲ့နိုင်ငံတွေနဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်ကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူတွေကို ရှောင်ရှားဖို့နဲ့ ကာကွယ်ဖို့ကလည်း အဓိက အရေးကြီးပါတယ်။ ဒီမိုကရေစီစနစ် ကာကွယ်ဖို့အတွက် ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့၊ ဒီမိုကရေစီကို တိုက်ခိုက်တဲ့၊ ဒီမိုကရေစီကို ပျက်စီးစေတဲ့ အတွေးအခေါ်တွေ အယူအဆတွေ ဖျောက်ရပါလိမ့်မယ်။ ဒီမိုကရေစီစနစ်ကို ယုံကြည်ဖို့၊ လေးစားဖို့နဲ့ ဒီမိုကရေစီစနစ်ကို တန်ဖိုးထားပြီး ဒီမိုကရေစီစနစ်ရဲ့ သဘောတရားတွေကို နားလည်အောင် ကြိုးစားရပါမယ်။

စစ်မှန်တဲ့ဒီမိုကရေစီကို မျှော်လင့်ခြင်း


လူသားတိုင်း လူသားတိုင်းမှာ မျှော်လင့်ခြင်းဆိုတာ ရှိတယ်။ အုပ်ချုပ်သူဖြစ်ဖြစ်၊ အုပ်ချုပ်ခံဖြစ်ဖြစ်၊ သူဌေးဖြစ်ဖြစ် ဆင်းရဲသားဖြစ်ဖြစ်၊ အလုပ်ရှင်ဖြစ်ဖြစ်၊ အလုပ်သမားဖြစ်ဖြစ်၊ လူဖြူဖြစ်ဖြစ်၊ လူမဲဖြစ်ဖြစ်၊ မြို့သားဖြစ်ဖြစ်၊ တောသားဖြစ်ဖြစ်၊ မျှော်လင့်ခြင်းဆိုတာရှိတယ်။ ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ်၊ ဘယ်ယုံကြည်ချက်ရှိရှိ၊ ဘယ်နိုင်ငံ ဘယ်ဒေသမှာပဲနေနေ မျှော်လင့်ခြင်းဆိုတာရှိကြစမြဲပါ။

လှည့်ပတ် ဖြားယောင်း သွေးဆောင်မှုကနေ လွတ်ကင်းကြပါစေ


ကမ္ဘာပေါ်မှာ နိုင်ငံတွေအများအပြားရှိသလို လူမျိုးတွေ အစုံအလင် ယုံကြည်ကိုးကွယ်ရာ ဘာသာတွေ အသီးသီး ရှိကြပါတယ်။ ဒီနေ့ခေတ်က ကမ္ဘာ့ရွာခေတ်ကြီးပါ။ ဒီကမ္ဘာ့ရွာခေတ်ကြီးမှာ လူမျိုးစွဲ၊ ဘာသာစွဲတွေ စွဲလမ်း ဆုပ်ကိုင်ထားတာ ဟောင်းနွမ်း ဆွေးမြေ့နေပါပြီ။ ဒီအတိုင်းပဲ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လူမျိုးစုတွေ အစုံအလင်၊ ယုံကြည်ကိုးကွယ်ရာ ဘာသာတွေ အသီးသီး ရှိပါတယ်။

စိတ်ဓာတ် ယဉ်ကျေးမှု အထက်တန်းကျသူတွေ ဖြစ်သင့်တယ်။


ကမ္ဘာပေါ်မှာ လူမျိုးပေါင်းစုံရှိသလို ကိုးကွယ် ယုံကြည်ရာ ဘာသာပေါင်းစုံရှိနေမှာ ဓမ္မတာပဲ။  ဘယ်နိုင်ငံမှာ နေနေ၊ ဘာလူမျိုးဖြစ်ဖြစ် မိမိရဲ့ လွတ်လပ်တဲ့သဘောဆန္ဒအရ ကိုယ်ယုံကြည်ရာ လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်တယ်၊ ဆည်းကပ်နိုင်တယ်။ ဘာကိုမှ မယုံကြည်လို့ ဘာမှ မကိုးကွယ်ချင်ရင်လည်း ရပါတယ်။ ဒါ လူတိုင်းရဲ့ လွတ်လပ်မှုပဲ။ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲ။

ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့အစည်းဖြစ်ဖို့

ကျွန်တော်တို့တိုင်းပြည်အနေနဲ့ အပြောင်းအလဲဆီ ဦးတည်ပြောင်းလဲလျှောက်လှမ်းလာခဲ့တာ နှစ်ပေါက်ခဲ့ပါပြီ။ အဆိုးမြင်သူ တစ်ချို့ကတော့ အားမလိုအားမရ အခြေအနေမျိုး ဝေဖန်ရှိနေကြဆဲပါ။ ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့ အတိုက်အခံ ကောင်းတစ်ယောက်ကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ကျန်းမာရေး၊ ပညာရေးစတာတွေ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ရာပြည်သူလူထုကလည်း ပြည်သူလူထုကောင်း ပီသဖို့ တော့လိုပါတယ်။ ပြည်သူလူထုဖက်ကလည်း ညီညီညွတ်ညွတ်နဲ့၊ သဘောထားမှန်မှန်နဲ့၊ စည်းစည်းလုံးလုံးနဲ့၊ စည်းကမ်းရှိရှိနဲ့ ပူးပေါင်းပါဝင်ဖို့တော့ လိုပါတယ်။

Wednesday, May 13, 2015

ပြည်ထောင်စုပြိုကွဲသွားမှာကို လုံးဝမလိုလား


ပြည်ထောင်စုသားမွတ်စလင်မ်လူ့အဖွဲ့အစည်းဟာ ပုဂံခေတ်ကစလို့ ခေတ်အဆက်ဆက် တိုင်းပြည်အပေါ်သစ္စာရှိရှိနဲ့ ရွတ်ရွတ်ချွံချွံပါဝင်ပြီး တိုင်းပြည်အကျိုးသည်ပိုးခဲ့သလို ပြည်ထောင်စုကနေ ခွဲထွက်ရေး ဘယ်တုန်းကမှ မကြိုးစားခဲ့ကြဘူးဆိုတာ သမိုင်းကသက်သေပါ။
ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးအကြိုဖြစ်တဲ့ အောင်ဆန်းအက်တလီ စာချုပ် ချုပ်ဆိုဖို့ အင်္ဂလန်ရောက်နေတဲ့အချိန် ရှမ်းစော်ဘွားတွေက ဗိုလ်ချုပ်အောင်ဆန်းက မိမိတို့ရဲ့ကိုယ်စားလှယ် မဟုတ်ဘူး။ ဗမာတွေရဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုပြီး အင်္ဂလန်ကိုလှမ်းပြီး ကန့်ကွက်ခဲ့တဲ့အပေါ် ဗိုလ်ချုပ် အခက်အခဲကြုံနေတဲ့အချိန်မှာ ဗမာမွတ်စလင်မ်ဦးဖေခင်ဟာ

Sunday, April 13, 2014

အခုကပြနေတဲ့ ဇာတ်လမ်းက အရင်ဇာတ်ညွှန်းအဟောင်းအတိုင်းပဲ။

အာဏာရှင်စနစ်ကို အမြစ်မဖြုတ်နိုင်သေးသရွေ့
ဒီမိုကရေစီအစစ်အမှန် မပေါ်ပေါက်နိုင်ဘူး။
တရားဥပဒေစိုးမိုးရေး ရှိလာမှာမဟုတ်ဘူး။
ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်မှာမဟုတ်ဘူး။
တိုင်းပြည် တည်ငြိမ်တိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့
တန်းတူအခွင့်အရေးတွေ ရလာမှာမဟုတ်ဘူး။

လူထုအားလုံး တစ်သားတည်းဖြစ်ဖို့ အရေးတကြီးလိုအပ်ပါတယ်။

အာဏာရှင်တွေ၊ နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေနဲ့ ပုဂ္ဂိုလ်ရေး ကျော်ကြားချင်သူတွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို များသောအားဖြင့် အမျိုးသားရေးနဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး မိမိတို့ ကိုယ်ကျိုးအတွက် အသုံးချကြတာတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ 

တောကြောင်တွေ လက်ခမောင်း ထခတ်လိမ့်မယ်။

ဒီမိုကရေစီစနစ်ကိုဖော်ဆောင်မယ့် လူ့အဖွဲ့အစည်းကြားမှာ အင်အားအထက်မြက်ဆုံး အရာက လူအချင်းချင်း ညီရင်းအစ်ကို စိတ်ထားရှိခြင်းနဲ့ တစ်ဦးကိုတစ်ဦး ချစ်ကြည် လေးစားမှု ထားခြင်း၊ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ခြင်းတွေဖြစ်တယ်။
ညီရင်းအကို စိတ်ဓာတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ခြင်း ဆိုတာ ရေးသားရုံ၊ အာဘောင်အာရင်း သန်သန် ဟောပြောနေရုံနဲ့ မဖြစ်နိုင်ပါ။ လူ့အဖွဲ့အစည်းစိတ်ဓာတ်၊ ကမ္ဘာ့မိသားစုစိတ်ဓာတ်၊ လူသားစိတ်ဓာတ်ကို လက်တွေ့ ကျင့်သုံး အကောင်အထည်ဖော်နိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်နိုင်တယ်။

ဟောင်နွမ်းနေတဲ့ စိတ်ဓာတ်တွေကို တော်လှန်ကြပါစို့။

လူရိုသေ၊ ရှင်ရိုသေ၊ ပညာတတ်လူတန်းစားတွေ၊ လူကြီးလူကောင်းအမည်ခံတွေ၊ ဒီမိုကရေစီဘက်တော်သား၊ ဒီမိုကရေစီကို ယုံကြည်သူ၊ မြတ်နိုးသူ၊ လိုလားသူ၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူတွေနဲ့ ကမ္ဘာကျော် နိုင်ငံကျော် ဘာသာရေး ခေါင်းဆောင်ဆိုသူတွေ ကိုယ်တိုင်က ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ်မှာ ခွဲခြားဆက်ဆံလိုကြတယ်။
တန်းတူရည်တူ အခွင့်အရေးမပေးလိုကြဘူး။ မိမိတို့ကိုယ်ကို လူမျိုးကြီး ဘာသာကြီးဆိုတဲ့

စုပေါင်းအားနဲ့ ဆန့်ကျင်တွန်းလှန်ဖြိုခွင်းကြဖို့ အချိန်တန်ပြီ။

ဒီမိုကရေစီပြောင်းလဲတည်ဆောက်ရေး ခရီးစဉ်ကြီး ရပ်တန့်ပျက်စီးပြီး
နောက်ကြောင်းပြန်လှည့်မသွားနိုင်အောင် ကာကွယ်လိုတဲ့ဆန္ဒ ရှိပါသလား။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အနှောက်အယှက် အဟန့်အတား မဖြစ်စေလိုဘဲ
တိုင်းပြည်ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်စေလိုပါသလား။