ကမ္ဘာကြီးမှာ လူတိုင်းကွဲပြား ခြားနားတဲ့ယုံကြည်မှု၊ ယဉ်ကျေးမှုတွေရှိပါတယ်။ အဲဒီမတူညီမှုတွေကို တစ်ဦးနဲ့တစ်ဦး ဖလှယ်ပြီး အတူတူလက်တွဲလုပ်ဆောင်ကြဖို့ အင်မတန်အရေးကြီးပါတယ်။ လူတိုင်း လူတိုင်းအနေနဲ့ စိတ်ရှည် သည်းခံပြီး၊အတူတကွ နေထိုင်ကြဖို့ အရေးကြီးတယ်။ တစ်ယောက်ကို တစ်ယောက် အားပေးကြဖို့လည်း လိုအပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လေးစားကြဖို့နဲ့ စိတ်ရှည် သည်းခံစွာရပ်တည်နိုင်ဖို့ လိုပါတယ်။ သည်းခံနိုင်ဖို့ အရေးကြီးဆုံးပါပဲ။
တိုင်းပြည်တိုင်းမှာ ဘာသာရေးကွဲပြားမှုတွေကြောင့် ပြဿနာမျိုးစုံ ကြုံတွေ့နေရသလို မွတ်စလင်မ် ဖြစ်လို့၊ ရှီအာ၊ ဆွန်နီဖြစ်လို့၊ ကက်သလစ်နဲ့ပရိုတက်စတင့်ဆိုပြီးကွဲပြားလို့ တစ်ဦးနဲ့တစ်ဦး၊ တစ်အုပ်စုနဲ့တစ်အုပ်စု တိုက်ခိုက်နေကြလို့ ဒီနေ့ထိ ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုမဲ့နေတာပါ။ သူတို့ရဲ့ ထင်မြင်ယူဆတာတွေကို အကြောက်အလန့် မရှိဘဲ ပြောပြနိုင်ဖို့လည်း အင်မတန်အရေးကြီးပါတယ်။ တခြားဘာသာဝင်တွေရဲ့စိတ်ဓာတ်ကို ဂုဏ်ပေးလေးစားပြီး သည်းခံစိတ်ကို အားပေးတဲ့ စကားတွေ ပြောသင့်ပါတယ်။ ဒီလိုအကျင့်တွေဟာ လူကြိုက်မများဘူး ဆိုရင်လည်း မဖြစ်မနေ လုပ်ကိုလုပ်ရမယ့် ကိစ္စတွေဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ လိုတယ်။ ဒီလို အမူအကျင့်တွေကို တစ်ဦးတစ်ယောက်စီတိုင်းက စမှ ဖြစ်မှာပါ။ အစိုးရဆိုတာကလည်း ကဏ္ဍတစ်ခုမှာပဲ ဦးဆောင်နိုင်မှာဖြစ်သလို အဖွဲ့တွေဖွဲ့ ပြီးလည်း လုပ်လို့မရနိုင်ပါဘူး။ လူထုအားလုံးပူးပေါင်းပြီး ၀ိုင်းဝန်းလုပ်မှသာ ရနိုင်မှာပါ။
Barak Hussein Obama (စိန်ရတု-၂၀၁၄)
________________________________
m y O e w y n n _ 1 4 . 1 1 . 2 0 1 4