Home

Friday, April 17, 2015

ဒီနှစ်သင်္ကြန် (၂၀၁၅)


*အကြိုနေ့
ပဲခူးမှာဖွင့်လှစ်တဲ့ သင်တန်းတစ်ခုအသွား
လမ်းတစ်လျှောက် ရေကစားမဏ္ဍပ်များ
တူးပို့တူးပို့သီချင်းသံ မကြားရ
ဗြိတိသျှတေးသွား၊
မလုံ့တလုံ ၀တ်စားပြီး
ခုန်ကြပေါက်ကြ မြူးမြူးကြွကြွ၊

ကိုဇော်ဝမ်းကြီးကိုတောင်
တမ်းတမ်းတတ သတိရ။
*အကျနေ့
မုန့်လုံးရေပေါ်ကို
ရေပက်ခံကားပေါ်မှာ...
ရေကစားမဏ္ဍပ်နောက်မှာ...
ပေါ်ပေါ်တင်တင်လုံးပြီး
ကန်တော်ကြီးမှာပဲ
ပျော်ပျော်ရွှင်ရွှင်
အမူးအပြဲ ဆွဲကြတဲ့
မော်ဒန်အသွင်နဲ့သင်္ကြန်ပွဲ။
*အကြတ်နေ့
သင်္ကြန်နဲ့ကုလား
ဘာများဆိုင်သလဲတဲ့
ဟားတိုက်ရယ်မော
အံ့သြကုန်နိုင်ဖွယ်ပဲ။
ကုလားပြည်က
နှစ်သစ်ကူးတဲ့ Holy ပွဲကို
မြန်မာ့နည်းမြန်မာ့ဟန်
Version ပြန်ပြင်
ဆင်ယင်ကျင်းပ။
အော်ကြ ဟစ်ကြ
ဆဲကြ ဆိုကြ
မူးကြ ရမ်းကြ
မောင်နဲ့နှမ
အမြင်မလှ
ဆင်နွှဲကြတာ
အတာသင်္ကြန်ခါ။
*အတက်နေ့
သိကြားမင်းကြီး
ဆင်ဖြူတော်စီးပြီး
အပြန်ခရီး လှော်ပြီထင်ပါရဲ့။
လမ်းခရီးအစ
ဒေါသထွက်နေတဲ့ လူအုပ်ကြီးက
လက်ပတ်နီစည်းပြီး ရန်မီးပွားနေမလား။
ဒါမှမဟုတ်
ကျောင်းသားတစ်အုပ်နဲ့
လက်ပံတန်းအချုပ်ထဲ ရောက်နေမလား။
White Card ပြန်အပ်
လက်မှတ်မစုံလို့
နေရပ်ပြန်ဖို့ အခက်ကြုံနေပြီလား။
ဝမ်ပေါင်စက်ရုံ
မီးလောင်ပုံက အမှုမှန်မပေါ်လို့
သံသယတရားခံ လုပ်ကြံခံနေရပြီလား။
ဘာပဲဖြစ်ဖြစ်
သင်္ကြန်ရက်တွေကြား
ယုဇနနဲ့ နှစ်ပါးသွားနေရတဲ့အဖြစ်
စိတ်ညစ်နေတဲ့ ကျွန်တော်
လွတ်ပြီ ကျွတ်ပြီလို့ အော်
ဘော်ဒါတချို့နဲ့ လ္ဘက်ရည်ဆိုင်သို့
ယွန်းပြီဗျို့။
*သင်္ကြန်ပိုး
သင်္ကြန်ပိုးက
အတော်ဆိုးသဗျ
နေမရ ထိုင်မရ
ရိုးတိုးရွတ
ကြမ်းပိုးထိုးသလိုပဲဗျ။
______________________________
m y O e w y n n _ 1 6 . 4 . 2 0 1 5