ကမ္ဘာပေါ်တွင် ပွင့်ပေါ်ခဲ့သမျှသော
မည်သည့် အလင်းပြတမန်တော် မနုဿဘုရားရှင်များမျှ
အစွန်းရောက်ဝါဒီများ မဟုတ်ကြပါ။
ကမ္ဘာပေါ်တွင် ထွန်းလင်းတောက်ပခဲ့သည့်
မည်သည့် ဘာသာတရားများမျှ
အစွန်းရောက်ဝါဒများ မဟုတ်ပါ။
မိမိကိုယ်ကို မည်သည့်ဘာသာဝင်ဟု အမည်ခံထားသည့်
ပုဂ္ဂိုလ်အချို့၊ အုပ်စုအချို့သာလျှင်
ဘာသာတရားကို မိမိတို့ကိုယ်ကျိုးအတ္တအတွက် အသုံးချ ခုတုံးလုပ်ကာ အစွန်းရောက်နေကြသည့် အစွန်းရောက်ဝါဒီများသာဖြစ်သည်။
ဘာသာတရားတိုင်းသည် လူသားတို့ ယဉ်ကျေးသိမ်မွေ့စေရေးနှင့်
လူသားတို့ အချင်းချင်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊
ဥပက္ခာတရားများပြည့်စုံစေခြင်းအလို့ငှာ ပေါ်ထွန်းလာခြင်းဖြစ်သည်။
အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒမှန်သမျှ
ဘာသာတရားတို့၏ ပြင်ပမှဖြစ်သည်။
အစွန်းရောက်မှုနှင့် အကြမ်းဖက်မှုကို အားပေးထောက်ခံသူမှန်သမျှ
ဘာသာတရားတို့၏ ပြင်ပမှဖြစ်သည်။
_________________________________
m y O e w y n n _ 1 8 . 1 2 . 2 0 1 4