Friday, April 17, 2015
စိတ်ဓာတ်အသစ်နဲ့ နှစ်သစ်ကိုကြိုဆိုကြပါစို့လား။
ငါ့တိုင်းပြည်၊ ငါ့ဒေသ၊ ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့ယုံကြည်မှု၊ ငါ့ကိုးကွယ်မှု၊
ငါ့ယဉ်ကျေးမှု၊ ငါ့ဘာသာစကား၊ ငါ့ဝတ်စားဆင်ယင်မှု၊ ငါ့သွေးငါ့သား၊ ကိုယ့်မိသားစု၊ ငါ့ပါတီ၊ ငါ့အုပ်စု၊ ငါ့အဖွဲ့အစည်းစတဲ့ ငါဆိုတဲ့အတ္တတွေ တသီတတန်းနဲ့ နှစ်သစ်ကိုကြိုဆိုကြမှာလား။
ဘယ်တိုင်းပြည်၊ ဘယ်ဒေသကိုမဆို၊ ဘယ်လူမျိုး၊ဘယ်ဘာသာကိုမဆို၊
ဘယ်ယုံကြည်မှု၊ဘယ်ကိုးကွယ်မှုကိုမဆို၊ ဘယ်ပါတီ၊ဘယ်အုပ်စု၊ ဘယ်အဖွဲ့အစည်းကိုမဆို၊ ဘယ်ဝတ်စားဆင်ယင်မှုမျိုးကိုမဆို၊ ဘယ်အသွေးအသားကိုမဆို ဖျက်စီးလိုတဲ့စိတ်၊ နှောက်ယှက်လိုတဲ့စိတ်၊ ဖျောက်ဖျက်လိုတဲ့စိတ်၊ နှိမ့်ချလိုတဲ့စိတ်၊ စော်ကားလိုတဲ့စိတ်၊ အနိုင်ကျင့်လိုတဲ့စိတ်၊ ရက်စက်လိုတဲ့စိတ်၊ မျိုးဖြုတ်လိုတဲ့စိတ်တို့ ကင်းရှင်းတဲ့ စိတ်ဓါတ်မျိုးနဲ့ နှစ်သစ်ကို မင်္ဂလာရှိရှိ ကြိုဆိုကြရအောင်။
နှစ်သစ်အပြောင်းမှာ လူသစ်ဖြစ်ဖို့ခေါင်းလျှော်ယုံ၊ အဝတ်လျှော်ယုံနဲ့တော့ မပြီးနိုင်ဘူး။ စိတ်သစ်ဖြစ်ဖို့ စိတ်ကိုလည်း လျှော်ရမယ်။ စိတ်သစ်ဖို့က လူသစ်ဖို့ထက် အရေးကြီးတယ်။
နှစ်ဟောင်းက စိတ်ဓာတ်အညစ်အကြေးတွေ သန့်စင်ပြီး သာယာတဲ့လူ့ဘောင်၊ ငြိမ်းချမ်းတဲ့ လူ့ဘောင်၊ ဒီမိုကရေစီလူ့ဘောင်ကို အရောက်လှမ်းမယ်ဆိုတဲ့ စိတ်ဓာတ်အသစ်နဲ့ နှစ်သစ်ကိုကြိုဆိုကြပါစို့လား။
______________________________
m y O e w y n n _ 1 7 . 4 . 2 0 1 5