မှန်မှန်၊ မှားမှား
မိမိလူ၊ မိမိအုပ်စု၊ မိမိလူ့အဖွဲ့အစည်းဘက်ကပဲ
ရပ်တည်မယ်၊ ထောက်ခံမယ်ဆိုတဲ့
သမာသမတ်မရှိသူတွေဟာ
မိမိလူ၊ မိမိအုပ်စု၊ မိမိလူ့အဖွဲ့အစည်းကို
အပျက်လမ်းဆီ တွန်းပို့တာပဲ။
ဒါမှမဟုတ် ဘယ်ဘက်မှမပါဘဲ၊
ကြားနေမယ်၊ နားမျက်စေ့ပိတ်ပြီး
မသိဟန်ဆောင် ရေငုံနှုတ်ဆိတ်နေမယ်ဆိုတဲ့သူတွေဟာလည်း
အမှန်တရားပေါ် မားမားမတ်မတ် မရပ်တည်ရဲတဲ့
အားပေးအားမြှောက်လုပ်သူတွေဖြစ်သလို
သူရဲဘောကြောင်သူတွေဖြစ်တယ်။
___________________________________
m y O e w y n n _ 2 4 . 1 0 . 2 0 1 4