Home

Saturday, August 9, 2014

လွတ်လပ်စွာစဉ်းစား၊တွေးခေါ်ရေးသားခွင့်ရှိတယ်ဆိုပေမယ့်

မိမိပြောလိုက်တဲ့ စကားတစ်ခွန်း၊ ရေးလိုက်တဲ့ စာတစ်ကြောင်း၊
ပြုလုပ်လိုက်တဲ့ အပြုအမူဟာ မိမိရဲ့ပင်ကိုစိတ်နေစိတ်ထား၊ 
ပညာအရည်အချင်း၊ အသိဥာဏ်၊ အဆင့်အတန်း၊ ကိုးကွယ်ယုံကြည်မှု၊ အသိုင်းအ၀ိုင်းနဲ့ 
မိမိကြီးပြင်းခဲ့ဖူးတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို 
ထင်ဟပ်ဖော်ပြနေတဲ့အတွက် စဉ်းစားဆင်ခြင်မှုမရှိဘဲ၊
 
ခွဲခြား၊ နှိမ့်ချ၊ စော်ကား၊ ပုတ်ခတ်တဲ့စကားတွေ၊
အမုန်းပွားစေမယ့် သွေးခွဲစကားတွေ
အလွယ်တကူမပြောသင့်ပေ။ အလွယ်တကူ မရေးသားသင့်ပေ။
အဲဒီလိုစာတွေရေးသားနေတာ၊ အဲဒီလိုစကားတွေပြောဆိုနေတာ
မိမိကိုယ်ကို ဘယ်လိုလူစား၊ ဘယ်လိုအဆင့်အတန်း၊
ဘယ်လိုစိတ်အခြေအနေဆိုတာ ဖော်ပြနေသလိုပါပဲ။
ဘယ်လိုစိတ်အခြေအနေဆိုတာ ပေါ်လွင်စေတာပါပဲ။
မိမိကိုယ်ကို ဂုဏ်သိက္ခာချနေသလိုပါပဲ။ ဂုဏ်သိက္ခာကျစေတာပါပဲ။
မိမိကိုယ်ကို စိတ်ထားညံ့တဲ့သူဖြစ်အောင်၊ တန်ဖိုးနိမ့်တဲ့သူဖြစ်အောင် လုပ်နေတာပဲ။
ပြောချင်တာ၊ ရေးချင်တာ၊ ပြုမူချင်တာတွေကို
အသိ သတိနဲ့ယှဉ်ပြီး ပြောဖို့၊ ရေးဖို့၊ ပြုမူဖို့လိုပါတယ်။
လွတ်လပ်စွာ စဉ်းစား၊တွေးခေါ်ရေးသားခွင့်ရှိတယ်ဆိုပေမယ့်
မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မထိခိုက် မနစ်နာစေတာ အကောင်းဆုံးပါ။
___________________________________________
m y O e w y n n _ 0 9 . 0 8 . 2 0 1 4