Home

Wednesday, August 27, 2014

ဒီမိုကရေစီဖော်ဆောင်လိုတဲ့ တိုင်းပြည်ဆိုရင်

* လူထုက နိုင်ငံခေါင်းဆောင်ကို အများသဘောဆန္ဒနဲ့အညီ တရားမျှတစွာ ရွေးချယ်နိုင်ခွင့်ရမယ်။
* ဥပဒေကို ရိုသေ လိုက်နာ လေးစား စောင့်ထိန်းတဲ့သူတွေ အုပ်ချုပ်တဲ့ အစိုးရမျိုးကို လူထုက တင်မြောက်နိုင်ခွင့် ရှိရမယ်။
* လွှတ်တော်ဟာ လူထုရဲ့အသံကို အမြဲနားစွင့်နေပြီး အကောင်အထည်ဖော်နိုင်ရမယ်။
* ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတကာစံချိန်စံနှုံးနဲ့အညီပြဌာန်းပြီး ဥပဒေပါအတိုင်း အစိုးရနဲ့လူတုက တိတိကျကျလေးစား လိုက်နာနိုင်ရမယ်။
* နိုင်ငံတကာ ဥပဒေစည်းမျဉ်းနဲ့အညီ လူ့အခွင့်အရေးကို လေးစားနိုင်ရမယ်။


* တရားမျှတတဲ့ ရွေးကောက်ပွဲကို ဥပဒေနဲ့အညီ ကျင်းပနိုင်ရမယ်။
* အောက်လမ်းနည်း၊ မသမာတဲ့နည်းတွေမပါဘဲ၊ ရိုးသားစွာ ယှဉ်ပြိုင်တဲ့နည်းနဲ့ ပါတီတွေက ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နိုင်ရမယ်။
* ဥပဒေကို ရိုသေ လိုက်နာ လေးစား စောင့်ထိန်းတဲ့သူတွေ၊ သမာသမတ်ကျပြီး လူထုက ယုံကြည်ကိုးစားသူတွေကသာ ရွေးကောက်ပွဲကော်မရှင်မှာ ပါဝင်နိုင်ရမယ်။
* အစိုးရနဲ့ လူထုအားလုံး ခိုင်မာတဲ့၊ ယဉ်ကျေးတဲ့၊ ပြည်သူ့နီတိအခြေခံကောင်းတဲ့
အစိုးရနဲ့လူထုဖြစ်ဖို့လိုအပ်တယ်
* လူမျိုးစုတွေများပြားတဲ့တိုင်းပြည်တွေမှာ ပြည်သူလူထုက ကိုယ့်တိုင်းပြည်အကျိုး၊ ကိုယ့်လူမျိုးစုတွေရဲ့အကျိုးကို တစ်ခြားလူမျိုးစုတွေကို မထိခိုက်စေဘဲ၊ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဥပဒေဘောင်အတွင်းကနေ ဖော်ဆောင်နိုင်ရမယ်။
_________________________________________
m y O e w y n n _ 2 6 . 8 . 2 0 1 4