ကိုယ့်မိသားစုကို ကိုယ်စာနာတတ်ကြသလို
တစ်ခြားသူတွေရဲ့မိသားစုကိုလည်း
စာနာတတ်ရမယ်။
ဒါမှသာ တစ်ခြားသူတွေကလည်း
ကိုယ့်မိသားစုကို စာနာကြလိမ့်မယ်။
လူရယ်လို့ ဖြစ်လာရင်
ကိုယ့်လူ့အဖွဲ့အစည်းကို ဂုဏ်ပေးဆက်ဆံတတ်ကြသလို
တစ်ခြားလူ့အဖွဲ့အစည်းကိုလည်း
ဂုဏ်ပေးဆက်ဆံတတ်ကြရမယ်။
ဒါမှသာ တစ်ခြားလူ့အဖွဲ့အစည်းကလည်း
ကိုယ့်လူ့အဖွဲ့အစည်းကို ဂုဏ်ပေးဆက်ဆံကြလိမ့်မယ်။
လူရယ်လို့ ဖြစ်လာရင်
ကိုယ့်လူမျိုးစုတွေကို ကိုယ်ချစ်တတ်ကြသလို
တစ်ခြားလူမျိုးစုတွေကိုလည်း ချစ်တတ်ရမယ်။
ဒါမှသာ တစ်ခြားလူမျိုးစုတွေကလည်း
ကိုယ့်လူမျိုးစုတွေကို ချစ်ကြလိမ့်မယ်။
လူရယ်လို့ ဖြစ်လာရင်
ကိုယ်ကိုးကွယ်ရာဘာသာကို ကိုယ်လေးစားတတ်ကြသလို
တစ်ခြားသူတွေရဲ့ကိုးကွယ်ရာဘာသာတ
လေးစားတတ်ကြရမယ်။
ဒါမှသာ တစ်ခြားဘာသာကိုးကွယ်သူတွေကလည်း
ကိုယ့်ဘာသာတရားကို လေးစားကြလိမ့်မယ်။
လူရယ်လို့ဖြစ်လာရင်
ကိုယ့်ယုံကြည်ချက်၊ခံယူချက်တွေက
တစ်ခြားသူတွေရဲ့ယုံကြည်ချက်၊ခံယ
တန်ဖိုးထားတတ်ကြရမယ်။
ဒါမှသာ တစ်ခြားသူတွေကလည်း
ကိုယ့်ယုံကြည်ချက်၊ခံယူချက်တွေက
လူရယ်လို့ ဖြစ်လာရင်
ကိုယ့်အခွင့်အရေးတွေ၊ ခံစားပိုင်ခွင့်တွေကို ရယူပိုင်ဆိုင်ချင်ကြသလို
တစ်ခြားသူတွေရဲ့အခွင့်အရေးတွေ၊ ခံစားပိုင်ခွင့်တွေကိုလည်း
ပေးဆပ်နိုင်ကြရမယ်။
ဒါမှသာ တစ်ခြားသူတွေကလည်း
ကိုယ့်အခွင့်အရေး၊တွေ၊ ခံစားပိုင်ခွင့်တွေကို ပေးဆပ်ချင်ကြလိမ့်မယ်။
______________________________
m y O e w y n n _ 2 3 . 8 . 2 0 1 4