Home

Sunday, August 31, 2014

ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများ

နိုင်ငံရေးကို ဘာသာတရားဖြစ်သကဲ့သို့ 
ပြောဆိုကြသောသူများမှာ 
ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများပင် ဖြစ်ပေသည်။
ထိုသူတို့၏ ရည်ရွယ်ချက်မှာ
ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လီဆယ်၍ ပြောခြင်းအားဖြင့်
ပြည်သူတို့၏ စိတ်ကိုရှုပ်ထွေးစေ၍

အကြောင်းအကျိုးအကောင်းအဆိုးကို 
ဝေဖန်ခြင်းငှာ မစွမ်းအောင်လုပ်ခြင်းမျှသာ ဖြစ်ပေသည်။

အမှန်မှာ
ထိုသူတို့ ပြုလုပ်ခြင်းသည် နိုင်ငံရေးမဟုတ်။
မိမိတို့ အကောက်ဥာဏ်ကိုသုံး၍၊
မိမိတို့ကြီးပွားရေးအတွက် တစ်နပ်စား နိုင်ငံရေးပင်ဖြစ်သည်။

ကိုးကွယ်သည့် ဘာသာရေးဆိုသည်မှာ
လူအသီးသီးတို့၏ သက်ဝင်ယုံကြည်မူပင်ဖြစ်သည်။
နိုင်ငံရေးဆိုတာ လူအသီးသီးတို့၏
ပေါင်းသင်းဆက်ဆံမှု သိပ္ပံအတတ်သာလျင်ဖြစ်သည်။

(ဗိုလ်ချုပ်အောင်ဆန်း၏ အလယ်ပစ္စယံညီလာခံမိန့်ခွန်း)
_______________________________________
m y O e w y n n _ 3 0 . 0 8 . 2 0 1 4