ဘာသာရေးခေါင်းဆောင်ဆိုသူတွေဟာ
မိမိတို့ရဲ့ဘာသာဝင်တွေကို
ဘာသာတရားအပေါ် ကိုးကွယ်ယုံကြည်မှု၊
ဘာသာတရားရဲ့မေတ္တာဓာတ်လွှမ်းခြုံမ
ဘာသာတရားရဲ့အသိပညာ၊
ဘာသာတရားရဲ့သွန်သင်ဆုံးမမှု၊
ဘာသာတရားရဲ့ငြိမ်ချမ်းမှုကိုသာ မျှဝေခံစားစေရမယ်။
မိမိတို့ရဲ့ဘာသာဝင်တွေ နှလုံးစိတ်ဝမ်း
တည်ငြိမ်အေးချမ်းမှု ရအောင်
စွမ်းဆောင်ပေးဖို့ လိုအပ်တယ်။
မိမိတို့ရဲ့ဘာသာဝင်တွေကို
ယဉ်ကျေးသိမ်မွေ့မှု ရအောင်
သွန်သင်ပေးဖို့ လိုအပ်တယ်။
ဘာသာတရားအသီးသီးအပေါ်
အပြန်အလှန်လေးစားတန်ဖိုးထားတတ်ေ
လမ်းညွှန်ပေးဖို့ လိုအပ်တယ်။
ခွင့်လွှတ်သည်းခံမှု၊ ညီညွတ်သင့်မြတ်မှုနဲ့
ကရုဏာတရားတွေကို သင်ကြားပြသဖို့ လိုအပ်တယ်။
ဒီလိုမှမဟုတ်ဘဲ လူမျိုးရေးမုန်းတီးမှုတွေ၊
ဘာသာရေးအစွန်းရောက်မှုတွေ၊
တစ်ခြားဘာသာတွေအပေါ်နှိမ်ချစော်က
ဘာသာခြားတို့အပေါ်တိုက်ခိုက်မှုတေ
အကြမ်းဖက်မှုတွေဖြစ်ပေါ်အောင်
လှုံ့ဆော်တဲ့စကားတွေ ပြော၊ ဟောနေမယ်ဆိုရင်
ဒါဟာ ဘာသာရေးတရား မဟုတ်သလို
ဘာသာရေးခေါင်းဆောင်ရဲ့စကားလည်း မဟုတ်ဘူး။
ဘာသာရေးခေါင်းဆောင်လည်း မမည်ဘူး။
ဘာသာရေးဝတ်ရုံခြုံထားတဲ့ အကြမ်းဖက်သမားသာလျှင်ဖြစ်တယ်။
______________________________
m y O e w y n n _ 2 3 . 8 . 2 0 1 4