Home

Wednesday, August 27, 2014

အာဏာရှင်တွေ အာဏာတည်မြဲဖို့အတွက် လှည့်ကွက်ပါ။

လူထုရဲ့ရိုးရိုးသားသား
မိမိလူမျိုးကို ချစ်တဲ့စိတ်၊
မိမိကိုးကွယ်ရာဘာသာတရားကို ချစ်တဲ့စိတ်နဲ့
မိမိသာသနာကို ချစ်တဲ့စိတ်ကို
ခုတုံးလုပ် အမြတ်ထုတ်ပြီး

နိုင်ငံရေးအတွက် အသွင်ပြောင်းအသုံးချတာ
အာဏာရှင်တွေ အာဏာတည်မြဲဖို့အတွက် လှည့်ကွက်ပါ။

လူထုအချင်းချင်း
လူမျိုးမတူ၊ဘာသာကွဲပြားကြပေမယ့်
ခေတ်အဆက်ဆက် တအူတုံဆင်း ညီရင်းအကို
မောင်ရင်းနှမသဖွယ်အတူနေလာခဲ့ကြပြီးမှ
တစ်ဖက်နဲ့တစ်ဖက် ရန်သူတွေလိုမြင်အောင်
အိုးမဲသုတ်ခွပ်ခိုင်းနေတာ
အာဏာရှင်တွေ အာဏာတည်မြဲဖို့အတွက် လှည့်ကွက်ပါ။

လူထုကြားမှာ
အမုန်းမီးတောက်လောက်အောင်၊
အာဃာတတွေဖြစ်ပေါ်လာအောင်၊
သံသယစိတ်တွေနဲ့ တစ်ဖက်နဲ့တစ်ဖက်
အမြင်မကြည်လင်အောင်
အမုန်းမှိုင်းတိုက်ပြီး သွေးခွဲရန်တိုက်ပေးနေတာ
အာဏာရှင်တွေ အာဏာတည်မြဲဖို့အတွက် လှည့်ကွက်ပါ။
______________________________
m y O e w y n n _ 2 6 . 8 . 2 0 1 4