Home

Tuesday, November 4, 2014

တူသောအကျိုး ပေးမည်။

လူမျိုးရေးပဲ ဖြစ်ဖြစ်၊ ဘာသာရေးပဲ ဖြစ်ဖြစ်၊
နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ အမျိုးသားရေးပဲ ဖြစ်ဖြစ်၊
ငြိမ်းချမ်းရေးပဲ ဖြစ်ဖြစ်၊ လူမှုရေးပဲ ဖြစ်ဖြစ်၊
စီးပွားရေးပဲ ဖြစ်ဖြစ်၊ မိသားစုအရေးပဲ ဖြစ်ဖြစ်၊
ဘာပဲလုပ်လုပ် ရိုးရိုးသားသားလုပ်ဖို့တော့လိုတယ်။

မသမာတဲ့နည်းတွေ၊ အောက်လမ်းနည်းတွေသုံးပြီး
တပါးသူကို အနိုင်ယူဖို့ မကြိုးစားပါနဲ့။
မရိုးမသား ကျော်နင်း ခွတက်ဖို့ မကြိုးစားပါနဲ့။
မျှော်လင့်ချက်မဲ့ ပေးဆပ်လိုစိတ်နဲ့ လုပ်ပါ။
စိတ်ကောင်းထားပြီး ဖြူစင်တဲ့နှလုံးသားနဲ့လုပ်ပါ။
အများအကျိုး သယ်ပိုးလိုစိတ်နဲ့လုပ်ပါ။
မစားရတဲ့အမဲ သဲနဲ့ပက်တာမျိုး၊
မင်းသားကြီးမလုပ်ရလို့ပတ်မကြီးထိုးဖောက်မယ်ဆိုတာမျိုးတွေက
ခပ်ညံ့ညံ့ အပေါစား လူတွေအလုပ်ပါ။
ကိုယ်ပြုသမျှ ကိုယ့်ထံပြန်လာမည်။
တူသောအကျိုးပေးမည်။
____________________________________
m y O e w y n n _ 0 2 . 1 1 . 2 0 1 4