လွတ်လပ်ရေးယူစဉ်က ပြုခဲ့တဲ့ ကတိကဝတ် ပင်လုံစိတ်ဓာတ်ကိုသာ
တိုင်းပြည်မှာ နည်းလမ်းမှန် ရှင်သန်စေစမ်းပါ။
“ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်” ဖြစ်အောင်သာ
အုပ်ချုပ်ခွင့်ရ ဗမာအစိုးရများ တကယ်လုပ်ပြလိုက်စမ်းပါ။
စစ်အာဏာရှင်စံနစ် မှိုင်းတိုက်ခံ “ကြီးမြတ်လေသော မဟာမြန်မာ”
စိတ်အခံများ ခွာချလိုက်စမ်းပါ။
စစ်ပွဲတွေ ချက်ချင်း ရပ်ပါတယ်။
တိုင်းပြည်မှာ လူမျိုးစုတိုင်း လွတ်လပ်၊ တန်းတူ၊ ငြိမ်းချမ်း ခံစားရစေတဲ့
လောကပါလ တရားသာထွန်းကားစေပြီး၊
စစ်ဝါဒ နဲ့ တဖက်စွန်းရောက် အမျိုးသားရေးစိတ်ပြင်းထန်မှုများ၊
မျက်ကန်း မျိုးချစ်စိတ်များ လျော့ပါးအောင်သာ ကြံဆောင်ပါ။
ညီတူညီမျှ လူမှု၊ စီးပွား၊ ပညာမြင့်ဖို့သာ ဇောက်ချလိုက်ပါ။
တိုင်းရင်းသား ပြဿနာ၊ လူနည်းစု ပဋိပက္ခတွေ၊
ဆန္ဒမဲ ခံယူစရာ မလို၊ စစ်တိုက်စရာ မလို၊
လုံးဝဥဿုံ အလိုအလျောက် ရပ်သွားမှာပါ။
မုဆိုးခေတ် ကုန်ပြီမို့၊ လေးမြားတွေ သိမ်းနိုင်ဖို့ ဗမာပြည်ကြိုးစားရပါမယ်။
(ငြိမ်ချမ်းအေး)
________________________________
m y O e w y n n _ 2 9 . 1 0 . 2 0 1 4