ကိုယ့်လက်ထဲရရှိထားတဲ့အာဏာကို လက်မလွှတ်ချင်လို့ နည်းလမ်းအမျိုးမျိုးသုံးပြီး ဆုပ်ကိုင်ထားတယ်ဆိုတာ လုံးဝမသင့်တော်ဘူး၊ ဒါမျိုးကို တားမြစ်နိုင်အောင် လုပ်သွားကြရမယ်။ တချို့လူတွေဟာ သူတို့ကိုယ်သူတို့ ဘယ်တော့မှ အမှားမလုပ်ဘူးလို့ ထင်မှတ်နေတယ်။ အမှားကို အမှားမှန်း မသိတာဟာ တော်တော်ပြင်ဖို့ ခက်ခဲတဲ့ကိစ္စပဲ။
"ကိုယ့်အပြစ်ကို အပြစ်မှန်းမသိလို့ရှိရင် ပြင်ချင်တဲ့စိတ် လုံးဝရှိမှာမဟုတ်ဘူး။ ကိုယ့်အပြစ်ကို အပြစ်မှန်းသိတယ်၊ ကိုယ်ကမှားနေမှန်း ကိုယ်သိတယ်ဆိုရင် ဝန်ခံသည်ဖြစ်စေ၊ မဝန်ခံသည်ဖြစ်စေ၊ ဒါမဟုတ်ဘူးဆိုတဲ့ အသိစိတ်ကလေးကြောင့် ကို တစ်နေ့၊ တစ်ချိန်၊ တစ်ခါမှာ ကိုယ့်ကိုကိုယ် ပြုပြင်လာတဲ့အခြေအနေကို ရောက်နိုင်တယ်။
ကိုယ်မှားတယ်၊ ကိုယ့်မှာအပြစ်ရှိတယ်ဆိုတာကို လုံးဝမသိဘူး။ ကိုယ်တိုင်လည်း လုံးဝဝန်မခံဘူး၊ သူများကိုလည်း ဝန်မခံဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေကတော့ ပြုပြင်ဖို့ ခက်လိမ့်မယ် ထင်တယ်"
ဒါ့အပြင် တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ဒါတွေဟာ ဟိုအရင်က မြန်မာနိုင်ငံမှာမရှိခဲ့တဲ့အတွက် အခုအခါမှာ အသစ်အဆန်းလိုလုပ်ပြီး တချို့လူတွေက ပြောနေကြတယ်။
ဒေါ်အောင်ဆန်းစုကြည်
(RFA Burmese)
____________________________________
m y O e w y n n _ 3 0 . 1 0 . 2 0 1 4