လူထုရဲ့အသဲကြားကမဲတစ်ပြားကို လူထုဆီက မရ ရတဲ့နည်းနဲ့ယူပြီး
လွှတ်တော်ထဲမှာ ထိုင်နေ၊ သန်းနေ၊ ငိုက်နေ၊ အိပ်နေကြတဲ့ လွှတ်တော်အမတ် ဆိုသူများသာ
ဒီမိုကရေစီစံနစ်ကို နားလည်တယ်၊ လေးစားတယ်၊ တန်ဖိုးထားတယ်၊ ကျင့်သုံးလိုတယ် ဆိုရင်
လူထုရဲ့ဆန္ဒနဲ့ လူထုရဲ့အသံကိုတော့ တန်ဖိုးထား လေးစားဖို့ လိုပါတယ်။ လူထုဘက်က ဘာတွေတောင်းဆိုနေလဲဆိုတာတွေကိုတော့ ကြားဖို့လိုတယ်။ လစ်လျူရှုထားလို့မရဘူး။ လူထုဆန္ဒမရှိတာတွေကိုလည်း အတင်း အဓမ္မ ဆုံးဖြတ် အတည်ပြုလို့ မရပါဘူး။ လူထုရဲ့ဆန္ဒနဲ့အညီပဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သင့်တယ်။ လူထုက လိုချင်တာ ၄၃၆ ပြင်ဆင်ရေး၊ ခင်ဗျားတို့လုပ်နေတာ မျိုးစောင့်ဥပဒေ အတည်ပြုရေးဆိုတော့ ချင့်ချင့်ချိန်ချိန် လုပ်ဖို့တော့လိုတယ်။ လွှတ်တော်ဆိုတာ လူထုကို ကိုယ်စားပြုရမှာဖြစ်တယ်။
________________________________
m y O e w y n n _ 2 9 . 1 0 . 2 0 1 4