ကိုယ့်ကိုယ်ကို၊ ကိုယ့်ဘ၀ကို တန်ဖိုးရှိအောင် လုပ်နိုင်မယ့်သူဟာ
ကိုယ် ကိုယ်တိုင်ပဲ ဖြစ်တယ်။
လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားဆိုတာ
ကိုယ့်တာဝန်ကို ကိုယ်ကျေပြွန်အောင်ဆောင်ရွက်လိုတဲ့
စိတ်ဓာတ်အပေါ်မှာသာ မူတည်တယ်။
ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်ဆိုရင်
ကိုယ့်တာဝန်ကို ခိုင်မာတဲ့စိတ်ဓာတ်နဲ့
အလေးအနက်ထား လုပ်ဆောင်ဖို့လိုသလို၊
ကိုယ့်ကိုပေးအပ်ထားတဲ့ တာဝန်ကို ကျေပြွန်အောင်
လိုလိုလားလားလုပ်ဆောင်ဖို့နဲ့
ကိုယ့်ဘက်က စိတ်ကောင်း၊ စေတနာကောင်း ပြည့်ပြည့်၀၀မြှုပ်နှံပြီး
လုပ်ဆောင်ဖို့တွေ လိုပါတယ်။
ကိုယ့်ဘက်က စိတ်ကောင်း၊ စေတနာကောင်းနဲ့ လုပ်ဆောင်နေသမျှ
ကိုယ်ကျင့်တရားကောင်းသူ၊ ကိုယ်ကျင့်တရား တန်ဖိုးရှိသူ ဖြစ်လာမှာဖြစ်ပြီး၊
အများက လေးစားမှု ရှိလာမှာဖြစ်တယ်။
ကိုယ့်တာဝန်ကို ကိုယ်မကျေပြွန်တဲ့သူဟာ
ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်လေးစားမှု မရှိခြင်းသာ ဖြစ်တယ်။
ကိုယ့်တာဝန်ကိုတောင် ကိုယ်မယူနိုင်တဲ့သူဟာ
အများအကျိုး၊ လူ့အဖွဲ့အစည်း အကျိုး
ဘယ်လို ဆောင်ရွက်နိုင်မှာလဲ။
____________________________________
m y O e w y n n _ 3 1 . 1 0 . 2 0 1 4