ဘာသာတရားတိုင်းမှာ
လူသားဆန်မှု၊ စာနာ နားလည်မှု ကို
ဦးစားပေး သွန်သင်ဆုံးမခဲ့ကြတယ်။
ဗုဒ္ဓဘာသာမှာ
ရှင်တော်ဂေါတမမြတ်စွာဘုရားက
တခြားသူ မြားစူးနေတာကို
ကိုယ်ကိုယ်တိုင် မြားစူးသလို
မခံစားနိုင်သူဟာ လူသားမဆန်သူလို့
ဟောကြားတော်မူတယ်။
ခရစ်ယာန်ဘာသာမှာ
ယေရှုခရစ်တော်က
ဘုရားသခင်ကိုချစ်ဖို့နဲ့ ကိုယ်ရဲ့အိမ်နီးချင်းကိုလည်း
ကိုယ့်ကိုယ်ကို ချစ်သလို ချစ်ရမယ်လို့
ဟောကြားတော်မူတယ်။
အစၥလာမ္ဘာသာမွာ
တမန်တော်မုဟမ္မဒ်က
ပတ်ဝန်းကျင်ကို ဒုက္ခပေးသူဟာ
စစ်မှန်တဲ့မွတ်စလင်မ် မဖြစ်နိုင်ဘူးလို့
ဟောကြားတော်မူတယ်။
ယဟူဒီဘာသာမှာ
သူစိမ်းကို ရှောင်လွဲသူဟာ
ဘုရားသခင်ကို ရှောင်လွဲသူပဲလို့
ဟောကြားတော်မူတယ်။
_________________________________
m y O e w y n n _ 2 9 . 1 2 . 2 0 1 4