လူထုကို ပေးထားတဲ့ဂတိအတိုင်း လုပ်ဆောင်ပေးခြင်းလည်းမရှိ။
လူထုကို နိုင်ငံရေးအသိ၊ နိုင်ငံရေးသဘောတရားများ လမ်းညွှန်မှုလည်းမရှိ။
အစိုးရရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့ ဥပဒေတွေအပေါ်
ကန့်ကွက်နိုင်ခြင်း၊ ဆန့်ကျင်နိုင်ခြင်းလည်းမရှိ။
အစိုးရရဲ့ ဥပဒေတွေဟာ လူထုကို အကျိုးမပြုတဲ့ ဥပဒေတွေမဖြစ်ဖို့
ကာကွယ်တားဆီးမှုလည်းမရှိ။
အစိုးရရဲ့ စနစ်မကျမှု၊ စီးပွားရေးမတိုးတက်မှု၊ လူတန်းစားနိမ့်ကျမှုတို့အတွက်
အစိုးရအပေါ်ထောက်ပြခြင်းလည်းမရှိ
အစိုးရရဲ့လူထုကောင်းကျိုး သယ်ပိုးမှုမရှိတဲ့အပေါ် ဖိအားပေးနိုင်ခြင်း အကြံဥာဏ်ပေးနိုင်ခြင်လည်း မရှိပါဘဲလျှက်
ခေါင်းပေါင်းစ ညာချ၊ လွှတ်တော်အဆောက်အဦထဲ ၀င်ထိုင်(၀င်အိပ်)၊
လက်ညှိုးထောင် ခေါင်းငြိမ့်ပြီး အချိန်ဖြုံး တိုင်းပြည်ဘဏ္ဍာဖြုံးနေကြခြင်းက
မိမိတို့ကို ရွေးချယ်တင်မြောက်ပေးလိုက်တဲ့ လူထုကိုအသိအမှတ်မပြုတာပဲ။
လူထုရဲ့အသဲကြားက မဲတစ်ပြားကို စော်ကားနေတာပဲ။ လူထုရဲ့ယုံကြည်လွှဲအပ်မှုကိုလစ်လျ
______________________________
m y O e w y n n _ 1 6 . 0 5 . 2 0 1 4