Home

Saturday, July 19, 2014

ဖ န် တီး ရှ င် ဘ ယ် သူ လဲ

အခုတလော ဘင်္ဂလားဒေ့ရှ်သတင်းစာ Dhaka Tribune ဆိုတဲ့ ဘာအဆင့်မှမရှိ၊ ဘယ်သူမှမသိတဲ့အပြင် ရေးချင်ရာရေးတဲ့ ဆောင်းပါးရှင်တစ်ဦးရဲ့ဆောင်းပါးကြောင့် အသံတွေတော့ စုံလင်အောင်ကြားနေရပါတယ်။ 
ဒီကြားထဲ ဒီဆောင်းပါးရေးသူက ပဋိပက္ခကို မီးထိုးပေးနေတာမဟုတ်ပါဘူး။ ဘယ်ကမှန်းမသိတဲ့ ဆောင်းပါးတစ်ပုဒ်ကို မြန်မာတွေသိအောင် ရှာထုတ်ချပြပေးတာပါလို့ ထောက်ခံပေးနေသူ၊ အကျယ်ချဲ့နေသူက အစိုးရတာဝန်ရှိတဲ့သူ၊ဖြစ်နေပြန်တော့ စဉ်းစားမိတာလေး ရေးလိုက်တာပါ။


ဆောင်းပါးရှင်ရဲ့ ယုတ္တိမရှိတဲ့အရေးအသားတွေဟာ မြန်မာပြည်တွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေး ပြဿနာတွေကို ပိုမိုကြီးထွားလာအောင် ပြန်ပြီး မီးမွှေးပေးလိုက်တာဖြစ်ပါတယ်။ လူမျိုးရေးပြဿနာတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်တွင်းမှာရှိတဲ့ လူမျိုးတိုင်း ဘာသာတိုင်းက လက်သည်တရားခံ ဘယ်သူဆိုတာ သိမြင်လာပြီး ၀ိုင်းဝန်းထိန်းကျောင်းနေကြလို့တည်ငြိမ်စပြုလာ
တာကို မလိုတမာဖြစ်သူတို့ရဲ့ လှည့်ကွက်လို့မြင်ပါတယ်။

ဒီဆောင်းပါးထွက်လာချိန်ကလည်း သန်းခေါင်စာရင်းကောက်ယူမယ့်အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်
ဖြစ်လာတာရယ်၊ ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူတဲ့အချိန် ရိုဟင်ဂျာအမည် လက်မခံရေး ကန့်ကွက်ဆန္ဒပြဖို့ တာဆူနေတဲ့အချိန် ဖြစ်နေတာရယ်၊ ကျောက်ဖြူ ကူမင်းရထား
လမ်း စီမံကိန်းစတင်မယ့်အချိန်တွေရယ်၊ လယ်တီဆရာတော် ဘုရားကြီးရဲ့ သိမ်ဖျက်မယ့် အချိန်ရယ်၊ လွှတ်တော်မှာ မျိုးစောင့်ဥပဒေပြူဖို့ တင်တဲ့အချိန်ရယ်၊ ပီနန်ဆရာတော်ကြီးနဲ့ ကျောင်းနေသံဃာတွေကို ကျောင်းတော်မှထွက်ခွာပေးရန် အမိန့်ထုတ်တဲ့အချိန်တွေဟာ တစ်ထပ်တည်းဖြစ်နေတာ ကိုတော့ ထဲ့သွင်းစဉ်းစားရမယ့် အခြေအနေဖြစ်နေပါတယ်။

နောက်တစ်ချက် စဉ်းစားဖို့လိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ရှင်းလင်းပွဲတွေ အတွက် ဒေါ်အောင်ဆန်းစုကြည့် ခရီးတွေဆက်တိုက်ထွက်နေချိန်မှာ ခရီးစဉ်လမ်းကြောင်းတွေ လုံခြုံမှုမရှိဘူးလို့ အကြောင်းပြပြီးတားဆီးချင်တော့ မြန်မာနိုင်ငံထဲမှာ ရှိနေကြတဲ့ မွတ်စလင်မ်တွေ အပေါ်အထင်အမြင်လွှဲမှားအောင် လုပ်ကြံဖန်တီးပြီး နိုင်ငံတွင်းအနှံ့ လူမျိုးရေး ပြဿနာများ နေရာစုံဖြစ်ပေါ်လာအောင်၊ မြန်မာတစ်နိုင်ငံလုံးတွင်းရှိ ဗုဒ္ဓဘာသာဝင်များနဲ့ မွတ်စလင်များကြား အဖုအထစ် အကြိတ်အခဲကို ကြီးမားလာအောင်၊ နိုင်ငံတွင်းတည်ငြိမ်မှုပျက်ပြားအောင်မီးလောင်ရာ လေပင့်လုပ်လိုက်ခြင်း သာဖြစ်ပါတယ်။

ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်၊ မိမိတို့နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်မှုကို ထိပါးလာပါက ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံတွင်းမှာ သမိုင်းစဉ်အဆက်ဆက် ဥမကွဲသိုက်မပြိုက် နေထိုင်လာခဲ့ကြတဲ့ မွတ်စ်လင်မ်တွေအနေနဲ့လည်း ခင်ဗျားတို့ဘက်က သတ်မှတ်ချင်သလို သတ်မှတ်၊ ခွဲခြားချင်သလို ခွဲခြားပါ၊ မိမိတို့ မွေးဖွားကြီးပြင်းရာ နိုင်ငံရဲ့အချုပ်အခြာ အာဏာကို
ဖြစ်စေ၊ နိုင်ငံ၏တစ်စိတ်တစ်ဒေသကိုဖြစ်စေ ထိပါးကျူးကျော်လာတဲ့သူမှန်သမျှကို လုံးဝလက်ခံ
နိုင်မှာမဟုတ်ပါ။ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန့်ကျင်ကြဖို့ဝန်မလေးပါဘူး။

နိုင်ငံတော် အစိုးရအနေနဲ့ တိုင်းပြည်မှာ နောက်ထပ် ပြဿနာတွေ၊ အကြမ်းဖက်မှုတွေ
ဖြစ်ပေါ်စေနိုင်တဲ့ ကောလဟာလတွေ မဖြစ်ပေါ်စေလိုတဲ့ စိတ်ရင်းစေတနာမှန်တဲ့ ဆန္ဒရှိတယ် ဆိုရင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ထိပ်တိုက်တွေ့ဆုံပြီး ဖြေရှင်းချက်တောင်းဆိုရမှာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် သတင်းစာ Dhaka Tribune နဲ့ ဆောင်းပါးရှင် Zeeshan Khan ရုံးတင်တရားစွဲ
ဆိုပြီး လက်သိပ်ထိုး စေခိုင်းသူတွေကို ဖော်ထုတ်အရေးယူသင့်ပါတယ်။ လူထုကိုလည်း ရှင်းရှင်း
လင်းလင်း တင်ပြရမှာဖြစ်ပါတယ်။ ဒီတော့မှ ဘယ်သူတွေ ပူးပေါင်းပြီးကြံစည်ကြသလဲဆိုတာကို ပွင့်လင်းမြင်သာစွာ သိရှိရမှာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အကြံအစည်လား၊ အစိုးရချင်း ပူးပေါင်းကြံစည်မှုလား၊ မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးမယ်ဆိုတဲ့ လွတ်မြောက်နိုင်ငံတော်ထူထောင်လိုသူတို့ရဲ့ အကြံအစည်လား။ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်လိုသူတို့ရဲ့ အကြံအစည်လား။ တိုင်းပြည်တည်ငြိမ်မှုကို မလိုလား မရှုစိမ့်ကြတဲ့ အုပ်စုတွေရဲ့ အကြံအစည်လားဆိုတာ တိုင်းပြည်အေးချမ်းသာယာမှုကို လိုလားတဲ့ လူထုအားလုံး အဖြူအမဲကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိဖို့တော့ လိုပါတယ်။

ကျွန်ုပ်တို့တိုင်းပြည်ရဲ့အချုပ်အခြာ အာဏာကို ထိပါးလာမယ့်ကိစ္စမျိုးတွေနဲ့ ကျွန်ုပ်တို့ တိုင်းပြည် တွင်းမှာ ရှိကြတဲ့ မတူကွဲပြားလူမျိုးစုတွေကြားမှာ သွေးကွဲစေမယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ကြံစည်သူ၊ ကျူးလွန်းသူအားလုံးကို တိုင်းပြည်အကျိုးရှေးရှုပြီး နိုင်ငံသားအားလုံးပူးပေါင်းလက်တွဲပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက် တိုက်ထုတ်ပြစ်ရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။
___________________________
m y O e w y n n _ 25.March.2014