Home

Saturday, July 19, 2014

ကျွန်တော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်။

၂၀၁၅ ရွေးကောက်ပွဲကြီးကား နီးကပ်လာပေပြီ။
နိုင်ငံရေး စည်းရုံးရေး နည်းနာ အပြောင်းအလဲတွေက စိတ်ဝင်စားစရာ အလွန်ကောင်းလှပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က

● အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ဆရာတော်ကြီး၏ ပန်ကြားချက်နှင့်အညီ မျိုးစောင့် ဥပဒေ(၄)ခု ရေးဆွဲပြဌာန်းရေးအတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားမယ်။
ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တလင် တမယားစနစ်

ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့နဲ့ ဒီဥပဒေတွေ ကို ပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်က အမျိုး ဘာသာ သာသနာနဲ့ တိုင်းပြည်အကျိုးကို စောင့်ရှောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ပါဝင်တယ်ဆိုပြီး
ပြည်ထောင်စု လွှတ်တော်ကို သဝဏ်လွှာ ပေးပို့လိုက်တယ်။ ● ဟုပြောပါသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က

● အပစ်အခတ် ရပ်စဲရေးကို မရ ရအောင် လုပ်မယ်။ အပစ်အခတ် ရပ်စဲရေးလုပ်နိုင်မှ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ရမယ်။ ငြိမ်းချမ်းရေး တည်ဆောက်လို့ရမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်လို့ရမယ်။ အဲဒီအပေါ်မှာတော့ သူတို့ကို ယုံကြည်ပါ။ သူနဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေရဲ့ သဘောထား အတူတူပဲ ဖြစ်တယ် ● ဟုပြောပါသည်။

လွှတ်တော် နာယကကြီး သူရ ဦးရွှေမန်းက

● လေးပွင့်ဆိုင်လုပ်မယ်ဆိုရင်လည်း အချိန်မရွေး အသင့်ရှိနေပါတယ်၊
ဒါကြောင့် ထူးထူးခြားခြား မပြောပါဘူး၊ နာယကကြီးဘက်ကတော့
အမြဲ အသင့်ပါပဲ၊ ဖိတ်ခေါ်တဲ့ အချိန်မှာ ever ready ပဲ၊ ဒီကိစ္စတင် မဟုတ်ဘူး၊ တွေ့ဆုံမယ်၊ ညှိ့နှိုင်းမယ်၊ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ မိမိရဲ့ အခြေခံမူပါပဲ ●
ဟုပြောပါသည်။

myOewynn_09.03.2014