Home

Monday, July 21, 2014

လူမျိုး - ပသီ ခေါ် မြန်မာမုစ်လင်မ် ။ ဘာသာ - အစ္စလာမ် (Islam)

Muslim (မုစ်လင်မ်) ဆိုတာ Nationality (လူမျိုး) အမည်မဟုတ်ပါ။
Muslim (မုစ်လင်မ်) ဆိုတာ Islam (အစ္စလာမ်)သာသနာကို
သက်ဝင်ယုံကြည်သူ မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံသားကိုမဆိုခေါ်သည့် သာသနာဝင်အမည်နာမသာဖြစ်သည်။
Muslim (မုစ်လင်မ်) ဆိုသည့် အာရဗီဝေါဟာရသည် အမိန့်နာခံ အပ်နှင်းသူဟု အဓိပ္ပါယ်ရသည်။


Allah အလ္လာဟ်အရှင်မြတ်အမိန့်တော်နှင့် တမန်တော်မြတ်မုဟမ္မဒ်(ငြိမ်းချမ်းသာယာမှုအဖြာဖြာ
ကိုယ်တော့်အပေါ်သက်ရောက်ပါစေ)၏ မွန်မြတ်သန့်စင်ရိုးရှင်းတဲ့ လူမှုဘ၀တည်ဆောက်မှုစနစ်နှင့် အညီ ဘ၀သက်တမ်းမွေးမြူသူကိုခေါ်သည်။ တနည်းအားဖြင့် Muslim(မုစ်လင်မ်) ဆိုတာ
Islam အစ္စလာမ့်လူမှုဘ၀ သက်တမ်းတည်ဆောက်မှုစနစ် လမ်းညွှန်မှုများအတိုင်း နေထိုင်ကျင့်ကြံအားထုတ်သူကို ခေါ်သည်။

Nationality (လူမျိုး)ဆိုတာ Homeland မိမိမွေးဖွားကြီးပြင်းရာ နိုင်ငံ၊ ဒေသ၊
နယ်နိမိတ် နှင့်သာ သက်ဆိုင်သည်။
အစ္စလာမ်သာသနာကိုသက်ဝင်ယုံကြည်တဲ့ အာရပ်နိုင်ငံသားကို အာရပ်မုစ်လင်မ်၊
အစ္စလာမ်သာသနာကိုသက်ဝင်ယုံကြည်တဲ့ အမေရိကန်နိုင်ငံသားကို အမေရိကန်မုစ်လင်မ်
အစ္စလာမ်သာသနာကိုသက်ဝင်ယုံကြည်တဲ့ အိန္ဒိယနိုင်ငံသားကို အိန္ဒိယမုစ်လင်မ်၊
အစ္စလာမ်သာသနာကိုသက်ဝင်ယုံကြည်တဲ့ မလေးရှားနိုင်ငံသားကို မလေးရှားမုစ်လင်မ်
ဟု ခေါ်ဝေါ်သုံးစွဲကြလျှင် အစ္စလာမ်သာသနာကိုသက်ဝင်ယုံကြည်တဲ့ မြန်မာနိုင်ငံသားကို မြန်မာမုစ်လင်မ် ဟု ခေါ်ဝေါ်သုံးစွဲခြင်းသည် သက်ဝင်ယုံကြည်ရာ ဘာသာတရားကို မည်သို့မျှ မထိခိုက်နိုင်ပါ။
ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခွဲခြားခြားမြင်ဖို့လိုပါတယ်။ ဘာသာရေးကို နိုင်ငံရေးထဲ မသွတ်သွင်းပါနဲ့။
မြန်မာမုစ်လင်မ်တို့အား အစ္စလာမ်ဘာသာ သက်ဝင်ယုံကြည်မှုကို အကြောင်းပြုပြီး သီးခြားလူမျိုးတစ်ခု ဖန်တီးရန် မဖြစ်နိုင်ပါ။

The nationality of a man is now determined by his homeland
and not by his religion.

မြန်မာမုစ်လင်မ် လူ့အဖွဲ့အစည်းအနေဖြင့် မိမိတို့၏ သမိုင်းဝင်၊ ပြန်တမ်းဝင် လူမျိုးအမည်မှန်အဖြစ် စစ်အစိုးရအဆက်ဆက်မတိုင်မီ ခေါ်ဝေါ်သုံးစွဲခဲ့သော “ပသီ ခေါ် မြန်မာမုစ်လင်မ်” ဟူသော အမည်ကို ရွေးချယ်လျှင်သင့်တော်မည်ဖြစ်ပါသည်။

[ မိမိ၏ ပုဂ္ဂလိကအမြင်သာဖြစ်ပါသည်။
Muslim မုစ်လင်မ် စကားလုံး၏ စာလုံးပေါင်းသတ်ပုံကို တညီတညွတ်တည်း
ဖြစ်စေရန်အတွက် တတ်သိပညာရှင်များညှိနှိုင်းတိုင်းပင်၍ မုစ်လင်မ် (သို့) မူဆလင် (သို့) မွတ်စလင် (သို့) မွတ်ဆလင် ရွေးချယ်ပေးစေလိုပါသည်။]
mmw.rasu_31.01.2014