မိုးသက်လေထန် ၊ ခေါင်မိုးတွေလန်
လမ်းပေါ်ရေလျှံ ၊ အမှိုက်ပုံက နံ
ဝမ်းရေးမမှန် ၊ လူလုံးမလှ
ယူကြုံးမရသမို့ ။
စည်းကမ်းပြည့်ဝ ၊ ဖွံ့ဖြိုးတိုးတက်
အပြောသက်သက် ၊ ဒီမိုကရေစီအတွက်
မျှော်လင့်အိပ်မက် ၊ စိတ်ကူးစွက်ပြီး
ရက်ရှည်မက်ဖို့ ။
စိန်တလုံးသရက်၊ နွားနို့တစ်ခွက်
အမြန်သောက်လျက် ၊ အိပ်စက်မယ်ကြံ
မီးကပျက်ပြန် ၊ ဖုန်းလိုင်းမမှန်နဲ့
မဟန်လှတဲ့ ၊ ကျုပ်တို့ဘဝ
ဒုက္ခပါလား ၊ အစိုးရ ရယ် ။
ကြံဖန်လို့မရ
ဒီဘ၀တော့ ၊ ဒီမျှနဲ့ပဲ
အရှုပ်ထဲမှာ ရှင်းအောင်နေဖို့
အထုပ်ဆွဲကာ၊ ရွာကိုပြန်ပြီး
နဂါးမောက်သီး
စိုက်ပြီးနေတော့မယ်။
____________________________
m y O e w y n n _ 2 2 . 0 7 . 2 0 1 4