Home

Monday, July 21, 2014

လူထုရဲ့အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်တယ်။

အစိုးရဆိုတဲ့ အာဏာဟာ အင်မတန် အဖိုးတန်အသုံးဝင်တယ်။
ဒီအာဏာကိုလည်း ပစ္စည်းအင်အားကောင်းတဲ့လူတွေ အချင်းချင်းလုကြတယ်။
ရရင်လည်း လက်မလွှတ်ချင်ဘူး။
တိုင်းသူပြည်သားတွေဆိုတာကတော့ ဒီအထဲမှာ ဒုတ်လုပ်အရိုက်ခံရမယ့်အခါကျမှ ပါရတာပဲ။
ဒီလို အာဏာလုကြတဲ့အခါ ဒီမိုကရေစီလို့ဆိုပြီး ပြည်သူ့ဆန္ဒ၊ ပြည်သူ့အာဏာလို့
ကြွေးကြော်အော်ဟစ်ပြီး ပြည်သူကိုညာတဲ့စနစ်လည်းရှိတယ်။
လူထုက တိုင်းသူပြည်သားတွေက အစိုးရကို အာဏာအပ်လိုက်တုန်းက
ကျုပ်တို့အတွက် ကောင်းအောင်လုပ်ပေးပါဆိုပြီး အပ်လိုက်တာပဲ။
ဒါပေမယ့် နောက်တော့ ကျုပ်တို့ကို ခင်ဗျားတို့အုပ်စိုးတဲ့သူတွေက
နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့ သဘောသာဖြစ်နေခဲ့တယ်။
လူထုက တင်မြှောက်ပြီး၊ လူထုရဲ့အကျိုးကိုလုပ်တဲ့ လူထုရဲ့အစိုးရသာလျှင်
ဒီမိုကရေစီဖြစ်နိုင်တယ်။
ဗိုလ်ချုပ်အောင်ဆန်း( ၁၉၊ မေလ၊ ၁၉၄၇ - ဖဆပလ ညီလာခံ၊ ဂျူဗလီဟော)

Posted by mmw.rasu_12.02.2014