ဒီမိုကရေစီ ပြည့်ပြည့်၀၀ အကောင်အထည်ပေါ် အောင်မြင်ဖို့ဆိုတာ
ပြည်သူလူထုရဲ့ နိုင်ငံရေးအသိနဲ့ ပညာရေးဟာ
မရှိမဖြစ် အဓိက လိုအပ်ချက်ဖြစ်တယ်။
ပြည်သူလူထုမှာ နိုင်ငံရေးအသိပညာ သဘောတရားတွေ
ပြည့်ဝရုံသာမက နိုးကြားတက်ကြွနေမှသာ
နိုင်ငံမှာ ဒီမိုကရေစီစနစ် အောင်မြင်နိုင်မှာဖြစ်တယ်။
ဒီမိုကရေစီစနစ်ရဲ့ နိုင်ငံရေးသဘောတရားတွေကို
စီစစ် ဝေဖန် ပိုင်းခြား သုံးသပ် ဆုံးဖြတ်နိုင်ဖို့
ပြည်သူလူထုတစ်ရပ်လုံးက ပညာတတ်ဖို့အရေးကြီးပါတယ်။
ပညာလည်းမတတ်၊ စီစစ် ဝေဖန် ပိုင်းခြား သုံးသပ် ဆုံးဖြတ်နိုင်မှုလည်းမရှိ၊
သူများပြောတိုင်းယုံ၊ ၀ါဒမှိုင်းတိုက်တိုင်းဝါဒမှိုင်းမ
ထောင်ချောက်ဆင်တဲ့အတိုင်း ထောင်ချောက်ထဲ အလွယ်တကူတိုးဝင်၊
သူများယောင်လို့ယောင် အမောင်တောင်မှန်းမသိ၊ မြောက်မှန်းမသိဆိုရင်
နိုင်ငံနဲ့လူမျိုးမှာ ဒီမိုကရေစီစနစ် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မှာမဟုတ်ပါဘ
ဒီမိုကရေစီစနစ်မှာ အစိုးရကောင်းတစ်ရပ် ဖြစ်မလာရခြင်းရဲ့အဓိကအကြောင်းရင
ရွေးကောက်ပွဲ မသမာမှုများကြောင့်သာမက
ပြည်သူလူထုရဲ့ စီစစ် ဝေဖန် ပိုင်းခြား သုံးသပ် ဆုံးဖြတ်မှုမရှိဘဲ
လူမျိုးစွဲ၊ ပါတီစွဲ၊ အုပ်စုစွဲ၊ ပုဂ္ဂိုလ်စွဲ ပြင်းထန်ပြီး နိုင်ငံရေးအသိတရားကင်းမဲ့စွာ
ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကြောင့်ဖြစ်တယ်။
mmw.rasu_09.02.2014 —