ပြင်ဆင်ပေးဖို့ တောင်းဆိုနေတဲ့ ပြည်သူတို့ရဲ့အသံတွေ မြန်မာပြည်အနှံ့ ဘ၀ဂ်ညံနေတာတောင် မကြားနိုင်ကြတာ၊
ပြည်သူ့ဆန္ဒ မဖြည့်ဆည်းပေး နိုင်ကြတာ၊ မလိုက်လျောနိုင်တာ၊ လစ်လျူရှုထားတာကတော့ အံ့သြစိတ်ပျက်စရာ ကောင်းလောက်အောင် အပြောနဲ့အလုပ် ဆန့်ကျင်နေပါတယ်ဗျာ။
ပြည်သူကို အလုပ်အကျွေးပြုဖို့၊ တိုင်းပြည်တိုးတက်ဖို့ဆိုတဲ့ စကားလုံးတွေ အားဘောင်အာရင်းသန်သန် ပြောပြီး ပြည်သူတွေရဲ့ အသဲကြားက မဲတစ်ပြားကို လှည့်စားလိမ်ညာယူပြီး ပြည်သူ့ကိုယ်စား လွှတ်တော်ထဲရောက်နေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကရော ဘာကြောင့် နှုတ်ပိတ်နေကြတာလဲ။
ဘာကြောင့် ပြည်သူကို ပေးထားတဲ့ကတိတွေ ဖောက်ဖျက်နေကြတာလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လူထုကိုဖိနှိပ်ဖို့၊ အကြပ်ကိုင်ဖို့၊ အနိုင်ကျင့်ဖို့ မဟုတ်ပါဘူး။ တိုင်းပြည်နဲ့လူထုရဲ့ အကျိုးစီးပွား တိုးတက်ဖို့နဲ့ ထိခိုက်ဆုံးရှုံးမှု မရှိအောင် ကာကွယ်ဖို့ဖြစ်တယ်။ လူတစ်စု၊ တစ်ဖွဲ့အကျိုးစီးပွား အတွက်၊ အခွင့်အရေးအတွက် ရည်ရွယ်ရမှာ မဟုတ်သလို၊တိုင်းပြည်တွင်းက လူတွေအားလုံးရဲ့ အခွင့်အရေးတွေကို တန်းတူညီမျှပေးဖို့၊ တိုင်းပြည်တွင်းမှာရှိတဲ့ လူများစုတွေရော၊ လူနည်းစုတွေရော တန်းတူညီမျှခံစားခွင့်ရှိဖို့၊ မနစ်နာရအောင် ကာကွယ်ပေးရမှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူထုရဲ့ဘ၀တွေမြှင့်တင် ပေးဖို့သာဖြစ်သင့်တယ်။
ဒါကြောင့် လွှတ်တော်တွင်းမှာရှိတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူအားလုံး ကိုယ်စား၊ ပြည်သူအားလုံးအကျိုးစီးပွားအတွက
လူတိုင်းဟာ မိမိတို့ရွေးချယ်မှုကသာ မိမိတို့သမိုင်းဖြစ်ကြတာမို့၊ မိမိတို့အနေနဲ့ ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့
အကျ
______________________________
m y O e w y n n _ 2 3 . 0 5 . 2 0 1 4 —