ဒီမိုကရေစီတော့ လိုချင်လှပါရဲ့။
ငြိမ်းချမ်းရေးတော့ လိုချင်လှပါရဲ့။
လူ့အခွင့်အရေးတော့ လိုချင်လှပါရဲ့။
ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စည်းကမ်း၊ စိတ်ဓာတ်၊
အကျင့်စရိုက်တွေတော့ မရှိကြဘူး။
ငြိမ်းချမ်းရေးနဲ့ ထိုက်တန်တဲ့ စည်းကမ်း၊ စိတ်ဓာတ်၊
အကျင့်စရိုက်တွေတော့ မရှိကြဘူး။
လူ့အခွင့်အရေးနဲ့ ထိုက်တန်တဲ့ စည်းကမ်း၊ စိတ်ဓာတ်၊
အကျင့်စရိုက်တွေတော့ မရှိကြဘူး။
ကျွန်တော်တို့တိုင်းပြည်မှာ မူတွေ ဘယ်လောက်ပြင်ပြင်၊
စနစ်တွေဘယ်လောက်ပြောင်းပြောင်း၊
လူတွေရဲ့စည်းကမ်း၊ စိတ်ဓာတ်၊ အကျင့်စရိုက်တွေ
မပြင်သရွေ့၊ မပြောင်းသရွေ့တော့
ဒီမိုကရေစီ နဲ့ ဝေးနေအုံးမှာဘဲ။
ငြိမ်းချမ်းရေးနဲ့ ဝေးနေအုံးမှာဘဲ။
လူ့အခွင့်အရေးနဲ့ ဝေးနေအုံးမှာဘဲ။
ဒါကြောင့် ဗိုလ်ချုပ်က
'' လွတ်လပ်ရေးအရသာကို ခံစား၊ စံစားချင်တယ်ဆိုရင်
အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊
အခုကတည်းက ခင်ဗျားတို့ကိုယ်ကိုယ်
အကျင့်ဆိုးတွေ။ အကျင့်ဟောင်းတွေ၊
စောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီ'' လို့
ကျွန်တော်တို့ကို ဆုံးမခဲ့တာပါ။
myOewynn_04.03.2014