Home

Saturday, July 19, 2014

မတူကွဲပြားခြားနားမှုဆိုတာ ခွန်အားရှိမှုရဲ့အရင်းအမြစ်

" နိုင်ငံတိုင်းဟာ နိုင်ငံသားသတ်မှတ်ရေးအတွက် ရုန်းကန်နေရပါတယ်။ အမေရိကဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကြီးအကျယ်အငြင်းပွားမှု တွေရှိခဲ့ပြီး ဒီနေ့အထိလည်း ဆက်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတွက် မှန်ကန်တဲ့စည်းမျဉ်းတချို့တော့ရှိပါတယ်။ သူတို့ ဘယ်သူ ဖြစ်တယ်၊
သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေ မီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။
အခြေခံအရကတော့ ဒီတိုင်းပြည်ရဲ့လူတွေကိုသာ ခင်ဗျားတို့ရဲ့ယူနီယံအဖြစ် သတ်မှတ်နိုင်ပါတယ်။
ဒါပေမယ့် ခင်ဗျားလိုပဲ ကျွန်တော် ယုံကြည်တာက အမျိုးမျိုးအထွေထွေ ကွဲပြားနေမှုဟာ အင်အားတစ်ရပ်ပါ။ ဒါဟာ အားနည်းမှု မဟုတ်ပါဘူး။ ကျွန်တော် ဘာလို့ဒီလိုပြောရသလဲဆိုတော့ ကျွန်တော့် တိုင်းပြည်၊ ကျွန်တော့်ဘ၀က ဒါကိုသင်ကြားပေးလိုက်လို့ပါ။ အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ ဘယ်ဘာသာကိုမှ မယုံကြည်သူတွေ စုပေါင်းနေထိုင်တဲ့နိုင်ငံပါ။ ကျွန်တော်တို့နိုင်ငံ အကြောင်းကို ဘာသာစကားတိုင်းက ပုံသွင်းပေးပြီး ယဉ်ကျေးမှုတိုင်းက ကြွယ်ဝစေပါတယ်။ ကျွန်တော်တို့ဟာ ပြည်တွင်းစစ်နဲ့ လူမျိုးရေးခွဲခြားမှုတွေရဲ့ ခါးသီးမှုကို မြည်းစမ်းခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့သမိုင်းက လူတွေရဲ့နှလုံးသားထဲက မုန်းတီးမှုတွေလျော့ကျပြီး လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေအကြား ခွဲခြားသတ်မှတ်ထားတဲ့ မျဉ်းတွေ ပျက်ပြယ်သွားတဲ့အကြောင်း ကျွန်တော်တို့ကို ပြသခဲ့ပါပြီ။ ပြီးတော့ ဘာများကျန်ရစ်ခဲ့ပါသလဲ။

“အမေရိကန်တွေဟာ ဆယ်စုနှစ်များစွာ မတူကွဲပြားမှုတွေရှိနေတဲ့ ကာလတစ်လျှောက် တိုင်းပြည်နဲ့ ပြည်သူအတွက် ချစ်ခြင်းမေတ္တာထားရှိတဲ့နေရာမှာ ညီညီညွတ်ညွတ်ရှိခဲ့ကြပါတယ်”
"တကယ်လို့ အမေရိကန်ပြည်ထောင်စုဟာ မတူကွဲပြားခြားနားမှုတွေကို ကျော်လွှားနိုင်တယ်ဆိုရင် ခင်ဗျားတို့လည်း ကျော်လွှားနိုင်ကြမှာဖြစ်ပါတယ်။ “ဒီတိုင်းပြည်မှာ မတူကွဲပြားမှုတွေရှိနေပါတယ်။ စေတီပုထိုးတွေ၊ ဘုရားရှိခိုးကျောင်းတွေနဲ့ ဗလီတွေဟာ ဘေးချင်းယှဉ်လျက်ရှိနေကြတယ်” မတူကွဲပြားခြားနားမှုဆိုတာ ခွန်အားရှိမှုရဲ့အရင်းအမြစ်တစ်ခုဖြစ်နိုင်ပါတယ်"
အမေရိကမှာ ရိုးရှင်းတဲ့အမှန်တရား တစ်ခုပဲကျန်ခဲ့ပါတယ်။ အများကြီးထဲမှာမှ ကျွန်တော်တို့ဟာ တစ်နိုင်ငံတည်း၊ ကျွန်တော်တို့ဟာ ပြည်သူတစ်ရပ်တည်းဆိုတာပါပဲ။ အချိန်နဲ့အမျှ ဒီအမှန်တရားဟာ ကျွန်တော်တို့ ယူနီယံကို ပိုပြီးအင်အားကောင်းအောင် လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ ဒီမိုကရေစီအခြေခံ စည်းမျဉ်းတွေကိုချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ တစ်ချိန်က ကျွန်တော့်ကို မဲပေးခွင့်ရဖို့တောင် ငြင်းပယ်ခဲ့တဲ့ အစဉ်အလာရှိခဲ့ဖူးတဲ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့ သမ္မတအဖြစ် ဒီကနေ့မှာ ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ရှေ့မှာ ရပ်နေပါတယ်။ ဒါကြောင့်ကျွန်တော်အလေးအနက်ယုံကြည်တာက ဒီတိုင်းပြည်ဟာ သူရဲ့မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်ပြီး ဒီနယ်နိမိတ်တွေအတွင်းရှိနေတဲ့ လူသားတိုင်း ခင်ဗျားတို့နိုင်ငံရဲ့ အကြောင်းအရာတစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ပါပဲ။ "
Barak Hussein Obama's Some Speech of Rangoon University at 19-11-12
__________________________________________________________
m y O e w y n n _ 26.03.2014