ဝါဒမှိုင်းတိုက် ခြိမ်းခြောက်လာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။
ဒီမိုကရေစီစနစ်မှာ အချုပ်အခြာအာဏာပိုင်သူဟာ ပြည်သူလူထုသာဖြစ်တယ်။
စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတိုင်းက လူထုကို ကိုယ်စားပြုရမယ်။
ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုက အစိုးရကို မနှစ်သက်ရင်
လွတ်လပ်စွာမနှစ်သက်ခွင့်ရှိသလို
လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်။
ဒီမိုကရေစီစနစ်မှာ ပြည်သူလူထု မနှစ်သက်တာ၊
မလုပ်ချင်တာကို ဒီမိုကရေစီအစိုးရတိုင်းက အတင်းအဓမ္မ ပြုလုပ်ပိုင်ခွင့် လုံးဝမရှိ။
ဒီမိုကရေစီစနစ်မှာ နိုင်ငံသားတစ်ဦီးချင်းစီရဲ့ လွတ်လပ်မှု၊
လုံခြုံမှုနဲ့ အခွင့်အရေးကို ဒီမိုကရေစီ အစိုးရတိုင်းက အကာအကွယ်ပေးရမယ်။
ဒီမိုကရေစီစနစ်မှာ ဒီမိုကရေစီအစိုးရတိုင်းက ပြည်သူလူထုကို
အမှန်တကယ်ကိုယ်စားပြုတယ် ဆိုရင်အစိုးရက ပြည်သူလူထုကို
အမိန့်ပေးခိုင်းစေဖို့မဟုတ်၊ ပြည်သူလူထုကသာ အစိုးရကို အမိန့်ပေးခိုင်းစေဖို့ဖြစ်တယ်။
အစိုးရနဲ့ ပြည်သူလူထု ပွင့်လင်းမြင်သာမှုရှိပြီး
အပြန်အလှန်ထိန်းကျောင်းမှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ပီပြင်မယ်။
mmw.rasu_06.02.2014