Home

Saturday, July 19, 2014

အုပ်ချုပ်တဲ့အစိုးရပေါ်မှာသာ မူတည်တယ်။

ဒီမိုကရေစီစနစ်အောင်မြင်ဖြစ်ထွန်းဖို့ဆိုတာ 
အုပ်ချုပ်တဲ့အစိုးရကို လူထုက ယုံကြည်မှဖြစ်မယ်။
အုပ်ချုပ်တဲ့အစိုးရက လူထုယုံကြည်နိုင်လောက်တဲ့အခြေအနေမရှိရင်၊
လူထုအပေါ်ယုံကြည်မှုမတည်ဆောက်နိုင်ရင်
မိမိအာဏာတည်မြဲအောင်နဲ့ တိုင်းပြည်တည်ငြိမ်အောင်ထိန်းသိမ်းဖို့ မလွယ်ဘူး။

ဒီမိုကရေစီစနစ်အောင်မြင်ဖြစ်ထွန်းဖို့ဆိုတာ
ဒီမိုကရေစီစနစ်အကြောင်း မသိနားမလည်တဲ့
ဒီမိုကရေစီကျင့်စဉ်များအတိုင်း လိုက်နာကျင့်သုံးမှုမရှိတဲ့
အုပ်ချုပ်တဲ့အစိုးရ(သို့)လူထုတွေနဲ့ အကောင်အထည်ဖော်နိုင်မှာမဟုတ်ဘူး
ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းနေပါပြီလို့ အသံကောင်းဟစ်နေတဲ့
အစိုးရအဖွဲ့အစည်းကိုယ်တိုင်က အကျင့်ပျက်ခြစားမှုတွေ၊
စေတနာကောင်းနဲ့ လုပ်ကိုင်ခြင်းမရှိမှုတွေ၊ လုပ်နည်းလုပ်ဟန် မမှန်ကန်မှုတွေ၊
တိုင်းပြည်မျက်နှာ လူထုမျက်နှာမကြည့်ဘဲ မိမိတို့ ကိုယ်ကျိုးရှေ့တန်းတင်မှုတွေ၊
ဥပဒေစိုးမိုးမှု၊ ဥပဒေအရ တန်းတူအကာအကွယ်ပေးမှု မရှိမှုတွေနဲ့
မိမိတို့ အာဏာသက်တမ်းဆွဲဆန့်ဖို့ မသမာတဲ့နည်းလမ်းတွေသုံးနေရင်
လူထုက အယုံအကြည် မဲ့လာမှာဖြစ်တယ်။
ဒီလိုအခြေအနေတွေဖြစ်လာရင် လူထုက အပြုသဘောဆောင်ပြီး
ပူးပေါင်းလာကြမယ့်အစား အဖျက်သဘောဆောင်တဲ့
ဆန့်ကျင်ဘက်စိတ်ဓာတ်တွေဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် လူထုရဲ့စိတ်ခံစားမှုဖြစ်စဉ်တွေ ပြောင်းလဲလာရခြင်းရဲ့
အဓိက အကြောင်းရင်းကတော့ အုပ်ချုပ်တဲ့အစိုးရပေါ်မှာသာ
မူတည်တယ်လို့ ထင်မြင်ယူဆမိပါတယ်။
myOewynn_24.02.2014