မိမိမျိုးရိုး၊မျိုးနွယ်စု ဂုဏ်ကိုထိန်းသိမ်းချင်လို့ပဲဖြစ်ဖြစ်၊
မိမိမျိုးရိုး၊မျိုးနွယ်စု အစွဲကြီးမားလွန်းလို့ပဲဖြစ်ဖြစ်၊
မိမိမျိုးရိုး၊မျိုးနွယ်စု စိတ်ဓာတ်ပြင်းထန်လို့ပဲဖြစ်ဖြစ်၊
မိမိမျိုးရိုး၊မျိုးနွယ်စုအမည်တွေဖြစ်တဲ့
စူရတီ၊ မဂို၊ ကျူလီယာ၊ ကာကာ၊ နရ်စာပူရီ
စသည့် မျိုးရိုး၊မျိုးနွယ်စု အုပ်စုငယ်တွေအဖြစ်၊
အကွဲကွဲအပြားပြား ရပ်တည် နေကြမယ့်အစား
(ရိုဟင်ဂျာ၊ ကမန်၊ ပန်းသေး၊ မြေဒူးလူမျိုးတို့မှလွဲပြီး)
မြန်မာနိုင်ငံသားမွတ်စလင်မ်များအနေနှင့်
တောင်ငှု၊ အင်းဝနဲ့ ကုန်းဘောင်မင်းဆက်နောက်ဆုံး
မင်းတုန်းမင်း၊ သီပေါမင်းလက်ထက်တိုင်
သမိုင်းဝင်ပြန်တမ်းဝင်အမည်ဖြစ်သည့်
"ပသီ"လူမျိုး ဟူသည့်
တစ်ခုတည်းသော လူမျိုးစုကြီးခေါင်းစဉ်အောက်မှာ
အစ္စလာမ်ဘာသာဝင်တစ်မျိုးသားလုံး အရေးအတွက်
စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ရွေးချယ်ရပ်တည်ကြရင်း
နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံးအကျိုးကို
တစ်ဖက်တစ်လမ်းမှ ပါဝင်ထမ်းဆောင်ကြပါစို့။
___________________________
m y O e w y n n _ 24.March.2014