ရွေးကောက်ပွဲလုပ်ပြီး ရွေးချယ်ခံထားတိုင်း အာဏာရှင်မဟုတ်ဘူးလို့ ပြောလို့မရပါဘူး။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ စစ်တပ်နဲ့အာဏာသိမ်းခဲ့တာ မဟုတ်ပါဘူး။ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြောက်ခံပြီးမှ ခေါင်းဆောင်ဖြစ်လာတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရွေးကောက်တင်မြောက်ခံထားရတဲ့ အာဏာရှင်ဖြစ်တယ်။ ခေါင်းဆောင်ဖြစ်ပြီးမှ သူ့ရဲ့ဂျာမန်စစ်တပ်ကြီးကို အင်အားချဲ့ထွင်ရင်း အာဏာရှင်ဖြစ်လာတာပါ။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ သူ့လူမျိုးက တစ်ခြားလူမျိုးတွေထက် မြတ်တယ်ဆိုတဲ့ ၀ါဒ ထူထောင်ပြီး အာရိယန်သခင်မျိုးလို့ ဆိုခဲ့ပါသေးတယ်။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ အမျိုးသားရေးဝါဒကို လက်ကိုင်ထားပြီး လူထုထောက်ခံမှုကို
အကြီးအကျယ်အရယူခဲ့တယ်။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ လူမျိုးကြီးဝါဒ၊ အစွန်းရောက် အမျိုးသားရေးဝါဒ
Extreme Nationalism နဲ့ ဂျာမန်ပြည်သူအားလုံးနီးပါးကို ၀ါဒမှိုင်းတိုက်ပြီး ''အဖနိုင်ငံတော်'' ကို ထူထောင်ခဲ့တယ်။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ သူ့လူမျိုးတွေတိုးတက်ဖို့၊ အောင်မြင်ဖို့ဆိုပြီး ဂျူးတွေကို လူမျိုးသုဉ်းသုတ်သင်ခဲ့တယ်။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ အမျိုး ဘာသာ သာသနာ ခုတုံးလုပ်ပြီး Positive Christian အမည်နဲ့ အမျိုးသားရေး၊ လူမျိုးရေးမှိုင်းတိုက်ထားတဲ့ ခရစ်ယာန်ဝါဒသစ်ကို တီထွင်ခဲ့တယ်။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ သူ့လူမျိုးတွေကို ဂျူးစီးပွားရေးတွေအား သပိတ်မှောက်ဖို့ သွေးထိုးလှုံ့ဆော်ခဲ့တယ်။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ သူ့လူမျိုး မျက်ကန်းမျိုးချစ် အစွန်းရောက်တွေနဲ့ ဂျူးစီးပွားရေး လုပ်ငန်းတွေကို အကြမ်းဖက်လုယက်ဖျက်ဆီးခဲ့တယ်။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ ဂျူးတို့ရဲ့ပိုင်ဆိုင်သမျှ ဥစ္စာပစ္စည်းတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်
သိမ်းပိုက်ခဲ့တယ်။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ ဂျူးတွေနဲ့ ရုပ်ခပ်ဆင်ဆင်ရှိတဲ့ နာဇီရှပ်နက် ဂိုဏ်းဝင် ရှပ်ညိုတပ်တွေနဲ့ တစ်ဖက်ပါတီတရားပွဲကို တုတ်တွေနဲ့ရိုက်ပြီး ပွဲဖျက်တယ်။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ မသိနားမလည် ရိုးသားတဲ့ အလုပ်သမားလူတန်းစားကို သွေးထိုးလှုံ့ဆော်ခဲ့တယ်။
ဟစ်တလာဟာ လူမျိုးရေးခွဲခြားယုတ်မာသော ဥပဒေ တစ်ရပ်ဖြစ်တဲ့ နျူရင်ဘာ့ဂ် ဥပဒေကို ပြဌာန်းခဲ့တယ်။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ ဂျူးလူမျိုးတို့အား နေအိမ်များမှမောင်းထုတ်ကာ သီးခြားစခန်းများ ပြုလုပ်ကာ တစ်စုတစ်စည်းတည်း စုပေါင်းနေထိုင်စေပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ ဂျူးလူမျိုးတို့အား ဒုတိယတန်းစား နိုင်ငံသားများ (အခြားလူမျိုးများ)အဖြစ် သတ်မှတ်ခဲ့တယ်။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ ဂျူးလူမျိုးတို့ရဲ့အခြေခံနိုင်ငံသား အခွင့်အရေးများ၊ ရပိုင်ခွင့်များကိုပိတ်ပင် တားမြစ် ရုပ်သိမ်းပစ်ခဲ့တယ်။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ ဂျူးလူမျိုးတို့ကို ဂျာမန်အမျိုးသမီးများနှင့် လက်ထပ်
ထိမ်းမြားခွင့်ကို ပိတ်ပင်တားဆီးခဲ့တယ်။
နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာရဲ့အမျိုးသားရေးအစွန်းရောက်မှုကြောင့်ဖြစ်ခဲ့ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကို အများစုက အမှားညီပြီး ဝေဖန်ပိုင်းခြားမှုတွေကင်းမဲ့တတ်တယ် ဆိုတာကိုတော့ ဟစ်တလာရဲ့ လုပ်ဆောင်မှုတွေက ကမ္ဘာ့သမိုင်းကို သင်ခန်းစာထားရစ်ခဲ့ပါတယ်။
mmw.rasu_18.01.2014