တိုးတက်ရာ တိုးတက်ကြောင်း၊
အောင်မြင်ရာ အောင်မြင်ကြောင်း
ကောင်းမွန်ရာ ကောင်းမွန်ကြောင်း ကြိုးစားနေတာပါလို့
ပါးစပ်က သံကုန်ဟစ်နေပြီး မိမိတို့ကိုယ်တိုင်ကျတော့
မိမိတို့ရဲ့အတ္တအကျိုးနဲ့ အာဏာတည်မြဲရေးရှေ့တန်းတင်ပြီး
စိတ်ဓာတ်က အနိမ့်ဆုံးအဆင့်၊
အတွေးအခေါ်က အောက်တန်းကျ၊
အယူအဆက အစွန်းရောက်နေမှတော့
မိမိတို့လူ့အဖွဲ့အစည်းအတွက်
ဘယ်လိုလုပ်ပြီး တိုးတက်မှာလဲ?
ဘယ်လိုလုပ်ပြီး အောင်မြင်မှာလဲ?
ဘယ်လိုလုပ်ပြီး ကောင်းမွန်မှာလဲ?
ပိုဆိုးနိုင်တာက မိမိတို့နိုင်ငံမှာ မိမိတို့နဲ့အတူတကွ
ရှေးပဝေသဏီကတည်းက ဓားမဦးချ နေထိုင်ခဲ့ကြတဲ့
နိုင်ငံသား၊ တိုင်ရင်းသား လူ့အဖွဲ့အစည်းတွေကို
အနှောင့်အယှက်ပေးနေတော့မှာပေါ့။
နိုင်ငံသား၊ တိုင်ရင်းသား လူ့အဖွဲ့အစည်းတွေနဲ့
ဘယ်လိုလုပ်ပြီး သဟဇာတဖြစ်မှာလဲ?
ဘယ်လိုလုပ်ပြီး အမျိုးသားရင်ကြားစေ့ရေး တည်ဆောက်မှာလဲ?
ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှာလဲ?
ဘယ်လိုလုပ်ပြီး ပြည်ထောင်စု ဖော်ဆောင်မှာလဲ?
ဘယ်လိုလုပ်ပြီး ဒီမိုကရေစီလူ့ဘောင်ထူထောင်နိုင်
______________________________
myOewynn_13.03.2014