Home

Saturday, July 19, 2014

ဘာသာတရားတွေကို ခုတုံးလုပ်ပြီး စိတ်ကြိုက် ပုံဖော်ဖို့မကြိုးစားကြပါနဲ့ဗျာ။

အစွန်းရောက်ခြင်းကိုတော့ ကျူပ်က အရမ်းမုန်းတယ်ဗျ။ အစွန်းရောက်ခြင်းက 
ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားနဲ့ မသက်ဆိုင်ဘူးလို့တော့ ခံယူပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဘာသာတရားကမှ အစွန်းရောက်ဆိုတာ မရှိဘူး။
ဘာသာတရားအသီးသီးရဲ့ မဟာလူသားမြတ်တမန်တော်တွေ၊ 
မနုဿဘုရားတွေနဲ့အလင်းပြပုဂ္ဂိုလ်တွေလည်း အစွန်းမရောက်ကြပါဘူး။

အားလုံးက မဇ္ဈိမပဋိပဋာလမ်းစဉ် နဲ့ ငြိမ်းချမ်းရေးဝါဒကို ဖော်ဆောင်ခဲ့တဲ့
ပုဂ္ဂိုလ်မြတ်တွေ၊ လမ်းညွှန်ခဲ့တဲ့ပုဂ္ဂိုလ်တွေပါ။ ဘာသာတရားတိုင်းက ငြိမ်းချမ်းတဲ့ လူ့ဘောင်တည်ဆောက်ဖို့၊ မဇ္ဈိမပဋိပဋာကျဖို့၊ ယဉ်ကျေးသိမ်မွေ့ဖို့ လမ်းညွှန်ကြတာပါပဲ။
ဘာသာတရားတွေက မေတ္တာကို အခြေခံပြီး လူသားတွေယဉ်ကျေးသိမ်မွေ့
အောင် သွန်သင်ဆုံးမထားတွေကိုပဲတွေ့နိုင်တယ်။
အစွန်းရောက်ဝါဒကို ဖော်ဆောင်ခဲ့တယ်၊ လမ်းညွှန်ခဲ့တယ်ဆိုတာ မရှိခဲ့ဘူး။

ဒါပေမယ့် ဘာသာတရားတွေကို ကိုးကွယ်ယုံကြည်ပါတယ်လို့ပြောနေတဲ့
သူတွေကတော့အစွန်းရောက်နေကြတာတွေ့ရတယ်။ အစွန်းရောက်ခြင်းဆိုတာ ကိုးကွယ်ယုံကြည်တဲ့သူတွေနဲ့ဘဲဆိုင်တယ်။အစွန်းရောက်ဝါဒီတွေနဲ့ပဲဆိုင်တယ်။
ဘာသာတရားနဲ မဆိုင်ဘူး။ ဘာသာတရားတွေက လူသားအချင်းချင်း၊ ဘာသာတရားအချင်းချင်း မုန်းတီးဖို့၊ အတ္တကြီးဖို့၊ စော်ကားဖို့တွေ မသင်ကြားခဲ့ဘူး။
ဒါကြောင့် ဘာသာတရားတွေကိုတော့ ကျုပ်မမုန်းဘူးဗျ။ ဘာသာတရားတွေရဲ့ အလင်းပြ မဟာလူသားမြတ်တွေကို လေးစားတယ်။ ဘာသာတရားတိုင်းကို တန်ဖိုးထားတယ်။ ဘာသာတရားတိုင်းကို မမုန်းတီးဘူး၊ မစော်ကားဘူး။ မမုန်းတီးသင့်ဘူး၊ မစော်ကားသင့်ဘူးလို့ ခံယူတယ်ဗျ။

ဘာသာတရားတွေက လူသားတွေ လူပီသတဲ့ လူမှုဘ၀သက်တမ်းကို ငြိမ်းငြိမ်း ချမ်းချမ်းမွေမြူနိုင်ဖို့ လမ်းညွှန်နေပါလျက်နဲ့ အစွန်းရောက်ပြီး ရိုင်းစိုင်းနေတယ်၊ စော်ကားနေတယ်ဆိုတာ ဘာသာတရားအသီးသီးရဲ့ မဟာလူသားမြတ် တမန်တော်တွေ၊ မနုဿဘုရားတွေနဲ့ အလင်းပြပုဂ္ဂိုလ်တွေကိုသာမက မိမိလက်ခံ ယုံကြည် ကိုးကွယ် ကျင့်သုံးနေတဲ့ ဘာသာတရားရဲ့ ဂုဏ်သိက္ခာ
ကိုပါ ညှိုးနွမ်းအောင်ပုံဖော်နေတာပဲလို့ ခံစားရတယ်ဗျာ။ စိတ်မကောင်းစရာပါ။
ဘာသာတရားတွေကို ခုတုံးလုပ်ပြီး စိတ်ကြိုက် ပုံဖော်ဖို့မကြိုးစားကြပါနဲ့ဗျာ
myOewynn_04.03.2014