လူဆိုတာ အသက်ရှင်နေသမျှ ကာလပတ်လုံး လူတွေရဲ့အရေးကိစ္စအထွေထွေကို သိသင့်သိထိုက်သလို ဆည်းပူးလေ့လာသင့်တယ်။ လူဖြစ်နေပါလျှက် လူတွေရဲ့အရေးကိစ္စတွေကို စိတ်မ၀င်စား လစ်လျူရှုနေမယ်ဆိုရင်
လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ တာဝန်ဝတ္တရားတွေ ပျက်ကွက်တာပဲဖြစ်တယ်။
အရစ္စတိုတယ်ကတော့ လူဆိုတာ နိုင်ငံရေးသတ္တ၀ါလို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး
''နိုင်ငံရေးဆိုတာ ကျွန်ုပ်တို့ နေ့စဉ်နဲ့အမျှ လူ့လောကမှာ တွေ့ကြုံနေကြတဲ့ကိစ္စဖြစ်တယ်။
တနည်းအားဖြင့်ဆိုရင် နိုင်ငံရေးဆိုတာ လူ့ကိစ္စလို့ဆိုရမှာဖြစ်တယ်။
ကျွန်ုပ်တို့ရဲ့ စားမှု၊ သောက်မှု၊နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုဟာ နိုင်ငံရေးပဲဖြစ်တယ်'' လို့ မိန့်ခဲ့ပါတယ်။
နိုင်ငံရေးဆိုတာ လူတိုင်းလူတိုင်းက ကိုယ့်အခွင့်အရေးကို ကိုယ် ပြည့်ပြည့်၀၀ ရယူလိုခြင်းပဲဖြစ်တယ်။နိုင်ငံရေ
မြင့်မြတ်တဲ့အလုပ်ဆိုတော့ နိုင်ငံရေးလုပ်မယ့်သူတွေ၊ တိုင်းပြည်ခေါင်းဆောင်လုပ်မယ့်သ
အနေနဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိသူတွေဖြစ်မှ မြင့်မြတ်တဲ့အလုပ်ဖြစ်လာနိုင်မယ
တိုင်းပြည်လည်း တည်ငြိမ်တိုးတက် တည်တံ့မယ်။
မြင့်မြတ်တဲ့စိတ်ဓာတ်မရှိတဲ့ အတ္တသမားတွေ၊ ကိုယ်ကျိုးရှာသမားတွေ အာဏာကိုဖက်တွယ် ထားလိုသူတွေကနိုင်ငံရေးဝင်လုပ်ေ
ဒါကြောင့်နိုင်ငံသားတိုင်းက နိုင်ငံရေးကို မိမိနဲ့မဆိုင်သလို ခပ်ကင်းကင်းမနေဘဲ၊ အာဏာရှင် စနစ်ဆိုးကြောင့် ပျက်ဆီး ယိုယွင်း ၀ါဒမှိုင်းမိခဲ့တဲ့ အတွေးအခေါ် အယူအဆ သဘောထားတွေကို ပြုပြင်ပြီး၊ ဒီမိုကရေစီနဲ့သက်ဆိုင်တဲ့ အသိပညာနဲ့ အလေ့အထတွေကို သိရှိနားလည်အောင် ကျင့်ကြံ အားထုတ်ရင်း၊ ဒီမိုကရေစီနိုင်ငံသားစိတ်ဓာတ်မေ
လိုက်ရပါတယ်။
myOewynn_28.02.2014 —