ဥစ္စာပစ္စည်းတွေ လုယက်ဖူးခြင်းမရှိသလို၊ စီးပွားရေးလုပ်ငန်းတွေ ဖျက်ဆီးတယ် ဆိုတာလည်း မရှိခဲ့ပါဘူး။
ဇာတိချက်ကြွေမွေးရပ်မြေက မောင်းထုတ်တယ် ဆိုတာလည်း မရှိခဲ့ပါဘူး။
ဒုက္ခသည်စခန်းတွေပို့ပြီး ဖြတ်လေးဖြတ်စနစ် မကျင့်သုံးပါဘူး။
သာသနိကအဆောက်အဦတွေ၊ ၀တ်ကျောင်းတော်တွေနဲ့ စာသင်ကျောင်းတွေ မီးရှို့တာ၊ ရထားလမ်းတွေမှာ မိုင်းထောင်တာ၊ လူစည်ကားရာနေရာတွေ၊ ရှော့ပင်းမော်လ်တွေ ဗုံးခွဲတိုက်ခိုက်တယ် ဆိုတာလည်း မရှိခဲ့ပါဘူး။ ရပ်တကာ နယ်တကာလှည့်ပြီး လူမျိုးရေးမုန်းတီးမှုတရားတွေ မဟောဘူး။
ပြဿနာတွေ ပဋိပက္ခတွေဖန်တီးတာ အကြမ်းဖက်မှုတွေ၊ ဥပဒေမဲ့ ရမ်းကားမှုတွေ လုပ်တာလည်း မရှိခဲ့ပါဘူး။
စစ်သွေးကြွတာတွေ အစွန်းရောက်တာတွေ အစဉ်အလာလည်း မရှိခဲ့ပါဘူး။
နှစ်ကာလကြာရှည်စွာ တစ်မြေတည်းနေ တစ်ရေတည်းသောက် ဘိုးစဉ်ဘောင်ဆက် အတူနေလာခဲ့ကြတယ်။ ခေတ်အဆက်ဆက် တိုင်းပြည်အရေးတွေမှာ သက်စွန့် ကြိုးပမ်းလက်တွဲပါဝင်ခဲ့တယ်။ ကိုလိုနီခေတ်မှ ယနေ့တိုင်အောင် မိမိတို့ကိုယ်ကျိုး အတွက် ဘာအခွင့်အရေးမှ သီးခြားတောင်းခဲ့တယ်ဆိုတာမရှိဘဲ
အခု ခေတ်ပြောင်း စနစ်ပြောင်းဖို့ အသက်သွေးချွေးစတေးပြီး ၀ိုင်းဝန်းကြိုးပမ်းလို့
အလင်းတန်းလေးမှုန်ပြပြ မြင်ရရုံရှိသေးတယ်။ အစ္စလာမ်ဘာသာဝင်တွေကို အိမ်ရှင် ဧည့်သည်ဆိုတဲ့ အသုံးအနှုံးတွေနဲ့အချိုးပြောင်းဆ
နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းမှုကိုနောက်ယှက်
နိုင်ငံရေးအမြတ်ထုတ်လိုသူ လူတစ်စုရဲ့လက်ချက်လား?
ဒီမိုကရေစီပြောင်းလဲနေမှုကို မလိုလားသူတွေရဲ့ လက်ချက်လား?
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေမ၀င်လာစေ
စီးပွားရေးလုပ်ပိုင်ခွင့်တွေကို
လက်ချက်လား?
အမျိုး ဘာသာ သာသနာခေါင်းစဉ်တတ်ပြီး ၀ါဒမှိုင်းတိုက်၊ လှုံ့ဆော်နေသူတွေရဲ့ လက်ချက်လား?
မျက်ကန်းမျိုးချစ်တွေကို နဖားကြိုးထိုး ကြိုးကိုင်နေသူ အာဏာရူးတွေရဲ့ လက်ချက်လား?
ချောက်ထဲကန်ချပြီး ကယ်တင်လိုသူတွေရဲ့ လက်ချက်လား?
၂၀၁၅ မှာ လက်လွှတ်လိုက်ရမှာ စိုးရိမ်နေသူတွေရဲ့ လက်ချက်လား? ဆိုတာ.....
ဦးနှောက်ရှိရှိ စဉ်းစားတတ်ဖို့လိုတယ်။ အမှန်တရားကို မြင်အောင်ကြည့်တတ်ကြဖို့ လိုတယ်။
အမြင်ကျယ်ကျယ် အသိ၊ သတိနဲ့ယှဉ်ပြီး ဆင်ခြင်သုံးသပ်ကြဖို့လိုတယ်။
သွေးစည်းညီညွတ်မှုကိုတည်ဆောက်ပြီ
နှစ်ပေါင်းများစွာ ဖိနှိပ်ခံရတာတွေ၊ လက်ဝါးကြီးအုပ်ခံရတာတွေကို မမေ့သင့်ပါဘူး။
နိုင်ငံသားအချင်းချင်း၊ ဖိနှိပ်ခံအချင်းချင်း တိုက်နေမယ်၊ ခိုက်နေမယ်၊ ကိုက်နေမယ်ဆိုရင်။ ပဋိပက္ခတွေဖန်တီးပြီး အကြမ်းဖက်မှုတွေလုပ်နေမယ်ဆိုရင်။
ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့ဘာသာ ဆိုပြီး ထင်တိုင်းကြဲနေမယ်ဆိုရင်။
လူမျိုးရေး၊ ဘာသာရေးသွေးခွဲရာနောက် ကောက်ကောက်ပါအောင် လိုက်နေအုံးမယ်ဆိုရင်။ လူထုရှေ့တစ်မျက်နှာ၊ အာဏာရှင်တွေရှေ့ တစ်မျက်နှာ ဟန်ဆောင်နေတဲ့ ခရိုနီဘာသာရေးခေါင်းဆောင်တွေစကာ
ဘာသာရေးကို နိုင်ငံရေးမှာခုတုံးလုပ်ပြီး အာဏာဆွဲဆန့်ဖို့ဖန်တီးတဲ့ ဥပဒေတွေကို ယုံစားမိရင်။ မျောက်ဖိုးစိန်လေးလို ဆက်ကနေအုံးမယ်ဆိုရင်တော့....
ကြိုးဆွဲသူ ဖန်တီးသူတွေအကြိုက်ဖြစ်ရုံသာမက အာဏာရှင်သက်တမ်းရှည်ပြီး
နှစ်ဖက်လုံးနစ်နာမယ်။ လူထုအားလုံးနစ်နာမယ်။ တိုင်းပြည်နစ်နာမယ်။
၂၀၁၅ နဲ့ တိုင်းပြည်ရဲ့အနာဂတ် ရင်လေးစရာတွေ ကြုံရမှာဖြစ်ပါတယ်။ ။
______________________________
m y O e w y n n _ 2 6 . 0 5 . 2 0 1 4 —