Home

Wednesday, July 16, 2014

လူကိုလူလိုမြင်တတ်ဖို့ အဓိကကျပါတယ်။





ကိုးကွယ်ယုံကြည်မှု့...
အသားအရောင်...
အတွေးအခေါ်၊အယူအဆ...
ယဉ်ကျေးမှုနဲ့ အ၀တ်အစား
ဘာသာစကားဆိုတာထက်
လူကိုလူလိုမြင်တတ်ဖို့
အဓိကကျပါတယ်။



ဗုဒ္ဓဘာသာ
ခရစ်ယာန်ဘာသာ
အစၥလာမ္ဘာသာ
ဟိႏၵဴဘာသာ
ဂျူးဘာသာဆိုတာထက်
လူကိုလူလိုမြင်တတ်ဖို့
အဓိကကျပါတယ်။

ရှမ်း၊ ချင်း၊ ကချင်
မွန်၊ ကရင်၊ ရခိုင်၊ ဗမာ၊
ရိုဟင်ဂျာ၊ ဘန်ဂါလီ၊
နိုင်ငံသား၊ တိုင်းရင်းသား
အိမ်ရှင်၊ ဧည့်သည်ဆိုတာထက်
လူကိုလူလိုမြင်တတ်ဖို့
အဓိကကျပါတယ်။

ကမ္ဘာမြေကြီးပေါ်မှာ
အသက်ရှင်နေထိုင်ကြတဲ့လူတွေဟာ
လူမှန်ရင်
လူ့ဗီဇ လူ့ကျင့်ဝတ်တို့နဲ့အညီ
လူသားဝါဒကို အခြေခံပြီး
လူကိုလူလိုမြင်တတ်ဖို့
အဓိကကျပါတယ်။
_____________________________
m y O e w y n n _ 1 6 . 0 7 . 2 0 1 4