Home

Monday, July 21, 2014

ဒီမိုကရေစီအစိုးရဆိုသူတွေမှာ လုံးဝတာဝန်ရှိတယ်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ
ဒီမိုကရေစီအစိုးရဆိုသူတွေဟာ
လူတစ်ဦးချင်းဆိုင်ရာ၊ လူမျိုးစုတစ်စုချင်းဆိုင်ရာ
လွတ်လပ်မှုနဲ့လုံခြုံမှုကို တာဝန်ယူပေးနိုင်ရမယ်။


ဒီမိုကရေစီစနစ်ရဲ့
အနှစ်သာရ၊ သဘောတရားနဲ့
ဒီမိုကရေစီရဲ့အရသာကို
လူတစ်ဦးချင်း၊ လူမျိုးစုတစ်စုချင်းကို
အပြည့်အ၀ ပေးစွမ်းနိုင်ရမယ်။

လူတစ်ဦးကဖြစ်စေ၊ လူမျိုးစုတစ်စုကဖြစ်စေ
အခြားလူတစ်ဦး၊ အခြားလူမျိုးစုတစ်စုတို့အပေါ်
မတရား အနိုင်ကျင့် ဖိနှိပ် ချိုးနှိမ် စော်ကား
အကြမ်းဖက် သတ်ဖြတ်ခြင်းစတဲ့ ပြစ်မှုတွေကျူးလွန်ခြင်းဟာ
ဒီမိုကရေစီနဲ့ ဘယ်လိုမျှ မသက်ဆိုင်ဘူးဆိုတာ
လူတိုင်း၊ လူမျိုးစုတိုင်းကို သဘောပေါက်နားလည်အောင် လမ်းညွှန်ဖို့
ဒီမိုကရေစီအစိုးရဆိုသူတွေမှာ လုံးဝတာဝန်ရှိတယ်။
mmw.rasu_11.02.2014
 —