ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ခြင်း(သို့မဟုတ်)ဒီမိုကရေစီစနစ်ကိုကျင့်သုံးခြင်းဆိုတာ
အစိုးရဘက်က ဥပဒေအတိုင်း စိုးမိုးအုပ်ချုပ်တဲ့အစိုးရဖြစ်အောင်ပုံဖော်ရမယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို လူတစ်ဦးတစ်ယောက်အတွက်၊ တစ်စုတစ်ဖွဲ့အတွက်
ဘက်လိုက်ရေးဆွဲထားတာမဟုတ်ဘဲ နိုင်ငံတကာစံချိန်စံနှုန်းအတိုင်း ပြဌာန်းရမယ်။
ပြဌာန်းထားတဲ့ ဥပဒေအတိုင်း တိတိကျကျလိုက်နာကျင့်သုံးရမယ်။
နိုင်ငံတကာ ဥပဒေစည်းမျဉ်းတွေကိုလည်း လေးစားလိုက်နာရမှာ ဖြစ်သလို
လူ့အခွင့်အရေးတွေကိုလည်း နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ လေးစားလိုက်နာရမှာဖြစ်တယ်။
လူထုအနေနဲ့လည်း ခိုင်မာတဲ့၊ ယဉ်ကျေးတဲ့၊ ပြည်သူ့နီတိအခြေခံကောင်းတဲ့ လူထုဖြစ်ဖို့လိုသလို
တတ်နိုင်တဲ့ဘက်က ကိုယ့်နိုင်ငံသား၊ ကိုယ့်ပြည်သူလူထုအကျိုးနဲ့ ကိုယ့်တိုင်းပြည်အကျိုး သယ်ပိုးဆောင်ရွက်ရမယ်။
တစ်ဦးကိုတစ်ဦး အပြန်အလှန်ယုံကြည်မှုရှိခြင်း၊ သည်းခံနားလည်ခြင်း၊ လေးစား တန်ဖိုးထားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာခြင်းစတဲ့
ဒီမိုကရေစီ ဓလေ့စရိုက်တွေကို လေ့လာကျင့်ကြံကြမှသာ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဒီမိုကရေစီကိုဖော်ဆောင်နေပါတယ်လို့ အသံကောင်းဟစ်နေပြီး
ဒုတ်၊ ဒါးလက်နက်ကိုင်ကာ လမ်းပေါ်ထွက် ဗရမ်းဗတာလုပ်နေခြင်းက ဒီမိုကရေစီမဟုတ်ပါ။
ပညာမဲ့စွာ လုပ်ချင်ရာလုပ်၊ အော်ချင်ရာအော်ပြီး ငါနဲ့မတူ ငါ့ရန်သူသဘောထားကာ
လူမျိုးခြားဘာသာခြားတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို
မတရားလုယက် ဖျက်ဆီး မီးရှို့ အဖျက်အမှောင့်လုပ်ရပ်တွေလုပ်နေတာ၊
မင်းမဲ့စရိုက်ဆန်ဆန်ပြုကျင့်နေတာကို လက်ပိုက်ရပ်ကြည့်နေတာတွေဟာ
ဒီမိုကရေစီကို အပျက်လမ်းဆီ တွန်းပို့နေခြင်းသာဖြစ်တယ်။
တရားမျှတမှုမရှိဘဲ၊ ဒေသဆိုင်ရာအုပ်ချုပ်မှု တိုးတက်မြင့်မားမှုမရှိဘဲ
ဒီမိုကရေစီကို ဖော်ဆောင်၍ မရနိုင်ပါ။