Home

Saturday, July 26, 2014

လူ့ဘောင်ဘ၀၊ လူ့ဘောင်လောက သာယာငြိမ်းချမ်းစေဖို့။

လူတွေအချင်းချင်းကြားမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရန်လိုမုန်းတီးမှုတွေ
ဖြစ်ပေါ်လာရတဲ့ အဓိကအကြောင်းရင်းကတော့
ငါ့လူမျိုး၊ ငါ့ဘာသာ၊  ငါ့ပါတီ၊ ငါ့အုပ်စု၊ ငါ့အဖွဲ့အစည်း၊ ငါ့မိသားစုစတဲ့


ငါဆိုတဲ့ အတ္တလွန် စိတ်အစွဲတွေကြောင့်လို့ ထင်ပါတယ်။
ငါဆိုတဲ့ အတ္တစွဲတွေ ပြင်းထန်လာပြီဆိုရင်
လူတွေအချင်းချင်းကြားမှာ
လူဆိုတဲ့ အသိအမြင်တွေကွယ်ပျောက်ပြီး
အပြန်အလှန်နားလည်မှုတွေ၊
ခင်မင်ရင်းနှီးမှုတွေ ဝေးကွာသွားစေတာပါပဲ။
လူတွေအချင်းချင်းကြားမှာ

အမြင် မကြည်လင်မှုတွေ၊ မယုံကြည်မှုတွေ၊
ယုံမှားသံသယတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေ၊ 
အမုန်းပွားမှုတွေနဲ့ အာဃာတတွေ လွှမ်းမိုးလာကြပြီဆိုရင်
ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
လူ့အသိ လူ့အမြင် လူ့ဗီဇ ရှိမှသာ
လူကို လူလိုမြင်နိုင်မှာဖြစ်သလို

လူ့ဂုဏ်သိက္ခာကိုလည်းတန်ဖိုးထား လေးစားဆက်ဆံနိုင်မှာဖြစ်ပြီး
လူ့ဘောင်ဘ၀၊ လူ့ဘောင်လောက သာယာငြိမ်းချမ်းစေမှာ အမှန်ပါ။

_______________________________________

m    y    O    e    w    y    n    n _ 0 2 . 0 7 . 2 0 1 4