Home

Sunday, July 13, 2014

ခြေ/ဥကို လူထုက ကျမ်းကျိန်မထားပါ။

နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို လွှတ်တော်ထဲက လူကြီးတွေကလွဲလို့၊
လူထု သန်း ၆၀ ကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို
လေးစားလိုက်နာပါမယ်။ ထိန်းသိမ်းကာကွယ်ပါမယ်လို့ ကျမ်းကျိန်မထားဘူး။



နိုင်ငံတော် အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်တယ်ဆိုရင်...
ပြည်သူ့အသံဟာ လွှတ်တော်ရဲ့အသံ၊ ပြည်သူ့ဆန္ဒဟာ လွှတ်တော်ရဲ့ဆန္ဒဆိုရင်...
နိုင်ငံသားများ လက်မခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံသားများကိုယ်စား
လူထုခေါင်းဆောင်တွေက လူထုနဲ့ပူးပေါင်းပြီး ပြင်ဆင်ဖို့ ကြိုးပမ်းနေကြတာ
ဘာကြောင့် လက်မခံချင်ရတာလဲ?

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်လား?
အခွင့်ထူးခံ လူတစ်စုအတွက်လား? လူထုကို ကိုယ်စားပြုမှာလား?

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ရည်ရွယ်ထားတယ်၊
အခွင့်ထူးခံ လူတစ်စုအတွက် ရည်ရွယ်ထားတယ်ဆိုရင်.....
ဒီမိုကရေစီနဲ့ လိုက်လျောညီထွေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်ဘူး။

လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့သြဇာလွှမ်းမိုးနေတယ်၊
အခွင့်ထူးခံ လူတစ်စုရဲ့သြဇာလွှမ်းမိုးနေတယ်ဆိုရင်.....
ဒီမိုကရေစီနဲ့ လိုက်လျောညီထွေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်ဘူး။
_____________________________________________
m y O e w y n n _ 2 8 . 0 5 . 2 0 1 4