Home

Friday, July 3, 2015

ခုံနေရာမြဲဖို့ ကြိုးဆွဲရာကတုန်း

လူ့အန္ဓများ
======
အပုတ်ကောင်စိန်စီဖို့
ရုပ်တရားကို ယုတ်တဲ့စိတ်နဲ့တုပ်
ရုပ်နာမ်အဆစ်ပြုတ်ရင်
ဒင်းတို့အထုပ်ထဲ ဘာပါမှာမို့လဲ ။
ခြေတရွတ်ဆွဲရတဲ့ကြားထဲ
ရတာ ဆွဲချင်တုန်း
နှလုံးခုံသံ ကျားကန်ထားရတဲ့ကြားထဲ

ခုံနေရာ မြဲဖို့
ကြိုးဆွဲရာ ကတုန်း
ဆေးရုံတစ်ပိုင်း အင်္ဂါရုပ်နဲ့
ရတာ ဆုပ်ထားချင်တုန်း ။
ကံကုန် မိုးချူပ်ခါနီးတောင်
ငရဲမီးနံ့ မရ
အတ္တကို အတ္တနဲ့ဖုံး
လောဘကို လောဘနဲ့ဖုံး
နောက်ဆုံးသွားမယ့်စခန်းကို
အန္ဓနဲ့လှမ်း ငရဲမီးနဲ့ပန်း
ဒင်းတို့ဘာမှန်း မသိခဲ့။
-သစ္စာ(၅-၁-၂၀၁၃)
Credit to Thit Sar
______________________________
m•y•O•e•w•y•n•n _ 2 7 . 6 . 2 0 1 5