Home

Friday, July 3, 2015

ဘာ မှ ဖြ စ် လာ ဖို့ မ ရှိ ဘူး ။

လူ့အဖွဲ့အစည်းတချို့မှာ
ဘာသာတူ အချင်းချင်းတွေတောင်
အမြင် မတူရင်၊ အယူအဆ မတူရင်၊
ဓလေ့ထုံးစံ မတူရင်၊ ၀တ်စားဆင်ယင်မှုနဲ့
သွင်ပြင်လက္ခဏာ မတူရင်

အချင်းချင်း နားလည်မှု၊
အပြန်အလှန်လေးစားမှုနဲ့
တစ်ဦးရဲ့ဂုဏ်သိက္ခာကို
တစ်ဦးက ဂုဏ်ပေးဆက်ဆံမှုမရှိကြဘဲ
ခွဲခြားမှုတွေ၊ နှိမ်ချဆက်ဆံမှုတွေရှိနေမှတော့...
လူမျိုးမတူ၊ ဘာသာခြားတွေက
နားလည်မှု မပေးတာ၊ လေးစားမှုမရှိတာ၊
တစ်ဦးကိုတစ်ဦး ဂုဏ်ပေးဆက်ဆံမှုကင်းမဲ့တာ၊
ခွဲခြားဆက်ဆံတာ၊ နှိမ့်ချစော်ကားတာ
သိပ်မဆန်းပါဘူး။
ဒီအတိုင်းသာ ဆက်သွားရင်
သေချာတာ တစ်ခုရှိတယ်၊
အဲဒီ့ လူ့အဖွဲ့အစည်း
ဘာမှ ဖြစ်လာဖို့ မရှိဘူး။
___________________________________
m y O e w y n n _ 3 0 . 5 . 2 0 1 5